အပိုင်း(၅၈) အိပ်မက်ဆိုး

4.6K 633 38
                                    

ကျောက်ဝမ်ယုံး နန်းဆောင်ထဲသို့ ပြန်ရောက်သည့်အချိန်တွင် ကုထင်ရန်က အေးချမ်းစွာအိပ်မောကျနေဆဲဖြစ်သည်။ သူက လက်ဆန့်၍ မသိမသာ ကျုံ့ထားသည့်
ကုထင်ရန်၏ မျက်ခုံးများကို ပြေပျောက်အောင် ညင်သာယုယစွာ ပွတ်သတ်ပေးလိုက်သည်။

"အင်း...."

ကုထင်ရန်က တစ်ခုခုကို ခံစားမိလိုက်သလိုပင်။ လက်ဝှေ့ယမ်းလိုက်ပြီး တိတ်တဆိတ် တစ်ဖက်လှည့်လာသည်။ မနိုးသေးတာ သေချာပေမယ့် ပါးစပ်ကတော့ ဗလုံးဗထွေးရေရွတ်နေတုန်းပင်။

ကျောက်ဝမ်ယုံးက သူ့ပုံစံကို ကြည့်ရင်း ပြုံးလိုက်သည်။ သူက ကုထင်ရန်၏ နှာတံလေးကို ပွတ်သက်လိုက်သည်။ မျက်ဝန်းထဲတွင် ချစ်စိတ်တတ်နေသော်လည်း  ဝမ်းနည်းမှုများက ဥပေက္ခာပြုလို့တောင် မရနိုင်ပေ။ ခဏကြာတော့ သူ ပြုံးတာ ရပ်သွားသည်။ လူတစ်ကိုယ်လုံးက စိတ်ဓါတ်ဆုတ်ယုတ်ကျဆင်းနေပြီး မျှော်လင့်ချက်မဲ့နေသည်။ ဒါက ပထမဆုံးအကြိမ် ရှုံးနိမ့်မှုကို ခံစားရတာဖြစ်သည်။ 

ထိုနှစ်၊ သူ ငယ်ငယ်ရွယ်ရွယ်ဖြင့် စစ်တပ်ထဲဝင်ပြီး အနိုင်ကျင့်ဖိနှိပ်မှုများကို အဆုံးမရှိခံစားခဲ့ရသည့် အချိန်တုန်းကတောင် သူ စိတ်ဓါတ်မကျခဲ့ဖူးပေ။ နောက်တော့ ရှောင်နုစစ်တပ်ကြီးက နယ်စပ်သို့ ချဉ်းကပ်လာ၍ အင်အားချင်းမမျှသော်လည်း ခံတိုက်ဖို့ အတင်းအဓမ္မစေခိုင်းခံရသည့် အချိန်တုန်းကလည်း သူ အရှုံးမပေးခဲ့ချေ။ ထိုထက်ပင်မက တစ်ခါ သူ့ဆီက စစ်တပ်အာဏာကို သိမ်းယူခံလိုက်ရသည့် အချိန်တုန်းကလည်း  စိတ်ပျက်လက်ပျက်မဖြစ်ခဲ့ချေ။

သို့ပေမယ့် အခုတော့ ကလေးတစ်ယောက်၏ အသက်က  သူ့ကို လွယ်လွယ်နဲ့ အနိုင်ယူသွားခဲ့လေသည်။ 

ကံကြမ္မာကို ဘယ်တုန်းကမှ သူ မယုံကြည်ခဲ့ပေ။ သို့ပေမယ့် အခုတလော သူ သတိမမူမိဘဲ အမြဲတမ်း တွေးတောနေမိသည်။ ကိုယ်တိုင်က ကျူးလွန်ခဲ့သည့် အပြစ်တွေများလွန်းသဖြင့် မိုးနတ်မင်းကြီးက ထိုအပြစ်တွေအတွက် သူချစ်ရသူနှင့် ကလေးအပေါ်သို့ ဒဏ်ခတ်လိုက်တာ ဖြစ်နိုင်သည်။

ဧကရာဇ်မင်း တစ်ပါးအတွက်ကတော့ ကံတရားသည် မပြောအပ်သည့် တားမြစ်ချက်ဖြစ်သည်။ သို့ပေမယ့် အခု၊ ဒါတွေ အားလုံးက သူ့ရှေ့၌ ဖြစ်ပျက်လာသည့် အချိန်တွင် ကိုယ်တိုင်က ကံတရား၏ ဝဲဂယက်ထဲမှာ ရုန်းမထွက်နိုင်ဘဲ ချုပ်နှောင်ခံထားရတယ်လို့ ခံစားမိလိုက်သည်။ သူက လက်ဆန့်၍ ကုထင်ရန်၏ ဝမ်းဗိုက်ကို ညင်သာစွာပွတ်သတ်ပေးလိုက်သည်။ ဝမ်းဗိုက်က အနည်းငယ် စူမို့မို့ဖြစ်နေပြီဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now