အခန်း(၃၇) ခင်ဗျား တကယ်ပဲ ကျွန်တော့်ကို ဘယ်လို သဘောထားတာလဲ

5.5K 681 32
                                    

ကျောက်ဝမ်ယုံးက မျက်ခုံးကို မသိမသာကျုံ့လိုက်သည်။ ကုထင်ရန်ကတော့ သူ့ကို အလွတ်မပေးဘဲ တစ်ခွန်းချင်းစီ လိုက်ထောက်မေးနေသည်။

"အဲ့ဒါဆို ဘာသဘောလဲ"

"အရှင် ကျွန်တော့်ကိုပြော၊ ဘာသဘောလဲလို့!"

ကုထင်ရန်၏ အသံက ငိုသံစွတ်နေသဖြင့် အသံက သိပ်မကျယ်လိုက်။ သို့ပေမယ့် လူကို မျှော်လင့်ချက်ပျက်သုန်းနေသည့် ခံစားချက်မျိုးပေးစွမ်းနေသည်။ ကျောက်ဝမ်ယုံးက သူရဲ့ မျက်ဝန်းတွေကို တည့်တည့်ကြည့်လိုက်တော့ မထင်မှတ်ဘဲ မျက်ရည်ဝဲနေသည်ကို မြင်လိုက်ရသည်။

သာမန် မျက်ရည်စက်လေးနှစ်စက်က ရုတ်တရက် ကျောက်ဝမ်ယုံးကို ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားစေသည်။ သူက တင်းမာခက်ထန်စွာဖြင့် ပြောလိုက်သည်။

"မင်း ကိုယ်တော့ကို အကြောင်းမဲ့သက်သက် စိတ်တိုအောင်မလုပ်နဲ့"

ကျောက်ဝမ်ယုံးက ဒီစကားဝိုင်းကို အလိုလို ပြီးချင်နေသဖြင့် သူလည်း ကိုယ်က
ဘာပြောလိုက်လဲဆိုတာ ဂရုမစိုက်နိုင်တော့ပေ။ သို့ပေမယ့် လူကိုထိခိုက်နာကျင်စေသည့် စကား နှုတ်က ထွက်သွားပြီဆိုတာနဲ့ အကျိုးဆက်ကို သူဆုံးဖြတ်လို့ရမှာ မဟုတ်တော့ပေ။

ကုထင်ရန်က ရုတ်တရက် ငြိမ်ကျသွားပြီး ဂရုတစိုက်ဖြင့် မျက်စိရှေ့ကထိုလူကို အကဲခတ်နေသည်။ ထို လှပသည့် မက်မွန်ပွင့်
သဏ္ဍာန် မျက်ဝန်းအစုံထဲတွင် အံဩမှုများနှင့် ပြည့်နှက်နေပြီး နှုတ်ကပြောလိုက်သည့် စကားတောင် စိတ်ရှုပ်ထွေးမှုများ ကိန်းဝပ်နေသည်။

"ကျောက်ဝမ်ယုံး ခင်ဗျား တကယ်ပဲ ကျွန်တော့်ကို ဘယ်လို သဘောထားတာလဲ"

ကုထင်ရန်၏ လေသံထဲတွင် စိတ်ပျက်အားငယ်သည့် အရိပ်အယောင်များ ကိန်းအောင်းနေပြီး ထိုစကားကိုကြားတော့ကျောက်ဝမ်ယုံး၏ နှလုံးသားက တစ်ချက် တုန်ယင်သွားသည်။

ရှုရွေ့က ဘေးမှာရပ်နေရင်း စိတ်ထဲမှာ ဒိန်းခနဲ တစ်ချက်မြည်သွားသည်။ ဒီသခင်လေးက အတော်လေး ရဲတင်းလှသည်။ မထင်မှတ်ဘဲအရှင်မင်းကြီး၏ နာမည်ကို တိုက်ရိုက် ခေါ်ရဲသည်။ ဒီနေ့ရဲ့ ကိစ္စက ပျံ့နှံ့သွားရင် သူ့ရဲ့ အသက်က ဒီနေရာမှာတင် အဆုံးသတ်သွားလိမ့်မည်ဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now