အပိုင်း(၉၀) လက်ဆောင် (ဒုတိယပိုင်း)

2.8K 383 13
                                    

ထိုအမိန့်စာက အင်မတန် ရှည်လျားထွေပြားပြီး ချီးမွမ်းခန်းတစ်ပုံကို အရှည်ကြီးရေးထားသည်။ ကုထင်ရန်က အကြာကြီးဖတ်ခဲ့‌ပေ
မယ့် နောက်ဆုံးစာကြောင်း တစ်ကြောင်းကိုသာ သတိထားမိလိုက်သည်။

"သားတော်ကြီး ရှန့်ရှီးက အံမခန်းဖွယ် ထူးချွန်ထက်မြက်ပြီး ပါရမီဓါတ်ခံရှိကာ စံထားလောက်သည်၊  ပြည်သူများ၏ သဘောထားအတိုင်း ကောင်းကင်နှင့်မြေကြီး၊ ဘိုးဘွားများနှင့် တိုင်းပြည်ကို တိုင်တည်‌၍  အခမ်းအနားကို ကျင်းပပြီးမော်ကွန်းတင်ထားမည်"

"ဤအမိန့်စာအရ သူ့ကို အိမ်ရှေ့စံဘွဲ အပ်နှင်းမည်၊ နှစ်‌ပေါင်းများစွာထိန်းသိမ်း
လာသည့် အစဉ်အလာကို လေးစားသမှုဖြင့် တစ်တိုင်းပြည်လုံး၏ နှလုံးသား ဖြစ်လာ‌စေရန်အလို့ငှာ အရှေ့နန်းဆောင်၌ စံမြန်းရန်နေရာချထားလိုက်သည်"

ကုထင်ရန် ဖတ်ပြီးတာနဲ့ လက်တောင် အနည်းငယ် တဆတ်ဆတ်တုန်ယင်လာသည်။ သူက မယုံကြည်နိုင်သည့် မျက်နှာဖြင့် ပြောလိုက်သည်။

"တကယ်ကြီးလား အရှင်"

ကျောက်ဝမ်ယုံး၏ လက်က သူ့မျက်နှာပေါ်ကို အသာလေးပွတ်သတ်နေဆဲဖြစ်ကာ
ကုထင်ရန်ကို ကြည့်နေသည့် သူ့မျက်ဝန်းတွေက ရေကန်တစ်ကန်ပမာ နက်ရှိုင်းလှပြီး ကြည်လင်ပြတ်သားနေသည်။

"ဒါပေါ့၊ ကိုယ်တော်က ဒီလိုကိစ္စမျိုးနဲ့ မင်းကို နောက်ပြောင်မယ်လို့ ထင်နေတာလား"

ကုထင်ရန်၏ လက်က အနည်းငယ် တုန်ယင်နေဆဲဖြစ်သဖြင့် ကျောက်ဝမ်ယုံးက သူ အံအားသင့်သွားတာကြောင့်ဟု ထင်မိလိုက်သည်။

သူက ကုထင်ရန်၏ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သူ့အတွက် မှီခိုအားထားစရာ အနည်းငယ် ပေးချင်နေသည်။

သို့ပေမယ့် ကုထင်ရန်က သိပ်မယုံကြည်သေးပေ။ သူက မမျိုသိပ်ထားနိုင်သဖြင့် ထပ်ခါထပ်ခါ အတည်ပြုနေသည်။

"အဲ့ဒါဆို ရှောင်းအိမ်တော်ဘက်ကိုရော အရှင် ဘယ်လိုပြောဖို့ ကြံရွယ်ထားလဲ"

ကုထင်ရန်က သိသည်။ ကျောက်ဝမ်ယုံးက ရှောင်းတန်းယွင်ကို ဧကရီနေရာပေးခဲ့မှတော့ အိမ်ရှေ့စံကလည်း ဧကရီမျိုးနွယ်ဘက်မှ ဆင်းသက်လာရမှာဖြစ်သည်။ မဟုတ်လို့ကတော့ ရှောင်းဖင်က စောဒကမတတ်ရင်တောင် ဟွိုင်ယန်ရှောင်းအိမ်တော်ဘက်ကို ရှင်းပြရခက်လိမ့်မည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWaar verhalen tot leven komen. Ontdek het nu