အခန်း(၄၆) လက်တုံ့ပြန်ခြင်း

4.7K 634 11
                                    

ထိုနောက် နှစ်ရက်လောက်က မိုးလေကင်း၍ လှိုင်းလေငြိမ်သက်သည့်နေ့ရက် ပြန်ဖြစ်သွားသည်။ ကုကွေ့ဖေး၏ ကိုယ်ဝန်ပျက်ကျမှုက ဧကရာဇ်အရှင်၏ အရေးမထားမှုနှင့် သမားတော်များ၏ အစွမ်းကုန် ဖုံးကွယ်ထားမှုအောက်မှာ မြန်မြန်ဆန်ဆန်ပင် ဘာသတင်းမှမကျန်ရှိ‌တော့ပေ။

ကုရို့လန်သည် သမားတော်များ၏ အနားယူရန် ဖျောင်းဖျနားချမှုကြောင့် ရွေးချယ်စရာမရှိဘဲ ကိုယ်တိုင်က နန်းဆောင်ထဲမှာ ချုပ်နှောင်ခံလိုက်ရပြီး စိတ်ထဲရှိ ဒေါသတွေကို ဖြေဖျောက်ရန် ခက်သွားသည်။

သည်ရက်တွေမှာ ကျန်းမာရေးမကောင်းတာကို ဗန်းပြ၍ သူမ၏ မိခင်ကို နန်းတော်ထဲဝင်ခိုင်းပြီး အဖော်ပြုခွင့်ပေးရန် အထူးတလည် တောင်းဆိုခဲ့သည်။

သားအမိနှစ်ယောက် အစေခံတွေကို ပထုတ်ပြီး အသံတိုးတိုးလေးဖြင့် အကြာကြီး ဆွေး‌နွေးနေခဲ့ကြသည်။ သူမ အမေပြန်သွားသည့်အချိန်မှာ ကုရို့လန်၏ မျက်နှာပေါ်မှာ ဝင်းပရွင်လန်းသည့်အရောင်အဆင်း ပြန်လည်ရရှိလာသည်။

သိပ်မကြာပေ။ နန်းတော်အပြင်ဘက်ရှိ
ကုအိမ်တော်ရဲ့ အိမ်တော်ထိန်းထံမှ ကျုံးစုဟို့အိမ်တော်မှာ ပြဿနာတတ်နေပြီဆိုသော သတင်းရရှိခဲ့သည်။

(T/N ကျုံးစုဟို့အိမ်တော်က ဟိုဘိုးတော်အိမ်တော်ပါ၊ ကုအိမ်တော်က ကုထင်ရန်ရဲ့ အရာရှိအိမ်တော်ပါ၊ သူက အဆင့်ငါးအရာရှိမို့လို့ပါ၊ ရှေ့အပိုင်းတွေမှာ မရှင်းပြလိုက်မိဘူး၊ တောင်းပန်ပါတယ်>.<)

ကုထင်ရန် သတင်းရလိုက်သည့်အချိန်တွင် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ထိုအိမ်တော်ထိန်းက အစထဲက ကျုံးစုဟို့အိမ်တော်က လူမဟုတ်သဖြင့် သတင်းကလည်း မှန်မှာမဟုတ်ပေ။

သို့ပေမယ့် ခပ်ရေးရေးလေး ကြားလိုက်တာကတော့ ဒုတိယသခင်မကြီးက သခင်မကြီးကုကို ဘာလုပ်ခဲ့လည်းမသိပေ။ သခင်မကြီးကုက ‌ဒေါသထွက်လွန်းသဖြင့် သွေးပါအန်ခဲ့တယ်လို့ ဆိုသည်။

ကုထင်ရန် ထိုအကြောင်းကိုကြားတော့ သိသိသာသာပင် အထိတ်တလန့်ဖြစ်သွားခဲ့သည်။

သူလည်း နန်းတောင်ထဲရှိ ပုန်းလျှိုးကွယ်လျှိုး
ဆူပူအုံကြွမှုတွေကို ထပ်ဂရုမစိုက်တော့ဘဲ အလောတကြီးဖြင့် ကျုံးစုဟို့အိမ်တော်ဆီ ပြေးသွားလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now