အပိုင်း(၈၁) ဧကရီအပ်နှင်းပွဲ (ပထမပိုင်း)

3.4K 436 21
                                    

ဒါဟာ အရှင်မင်းကြီးသည် ကုကွေ့ကျွင်းကို စွန့်ပစ်တော့မည်ဖြစ်သဖြင့် ဆင်ခြေရှာပြီး
လူကို မုချန်နန်းဆောင်မှာ ပိတ်ထားသည်ဟု နန်းတော်ထဲရှိ လူတိုင်းက ပြောကြသည်။

ခဏတာအတွင်းတွင် နေ့တိုင်း မုချန်နန်းဆောင်၌ တောက်တိုမယ်ရလုပ်သည့်
လူတွေက တစ်ယောက်မကျန် ထွက်သွားခဲ့ကြသည်။ အရင်က လူဝင်လူထွက်မပြတ်စည်ကားလှသည့် မြောက်ဘက် နန်းဆောင်က ချက်ချင်း တိတ်ဆိတ်ကျသွားသည်။

ကုထင်ရန်ဘက်မှာ တိတ်ဆိတ်သွားပေ
မယ့် တခြားတစ်ဖက်က သစ်ခွနန်းဆောင်ရှိ
ကုရို့လန်ကတော့ နောက်ဆုံးတွင် သူမ စောင့်စားနေသည့် နေ့ရက်ကောင်းက
ရောက်ရှိလို့လာသည်။

ဒီနေ့နံနက်စောစောတွင် အန်းကုန်းကုန်းက လူတွေခေါ်၍ သစ်ခွနန်းဆောင်သို့ ရောက်လာကာ ကုရို့လန်အား ရာထူးပြန်လည်အပ်နှင်းကြောင်း ထုတ်ပြန်ခဲ့သည်။ အချိန်က
တကယ့်ကို အံကိုက်ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် ဧကရီအပ်နှင်းမည့်နေ့မှာ အမိန့်စာကို ထုတ်ပြန်ကြေငြာခဲ့သည်။ ဒါက နန်းတော်ထဲဝင်လာတော့မည့် ဧကရီ၏ မျက်နှာကို သက်သက်မဲ့ ဖြတ်ရိုက်လိုက်တာဖြစ်သည်။

ကုရို့လန်က အမိန့်စာကို လက်ခံယူလိုက်ပြီး စိတ်လှုပ်ရှားပျော်ရွင်မှုကြောင့် မျက်ရည်တောင် ကျလာသည်။ ဧကရီကို ရန်ငြိုးထား
မည့် အပြုအမှု နည်းနည်းလေးတောင် မတွေ့ရပေ။

ဒီရက်တွေမှာ ကျန်းကျီးလန်က သူ့ကိုတောက်လျှောက် ဒုက္ခပေးခဲ့သဖြင့် သူမ အတော်လေး ဒုက္ခခံခဲ့ရသည်။ သူမ ရာထူးပြန်ရတာနဲ့ အာဏာပြန်လည်ရယူပြီး အဲ့ဒီမိန်းမကို သေချာပေါက် သင်ခန်းစာကောင်းကောင်း ပေးရမည်ဟု စိတ်ထဲမှာ တွေးထားပြီးသားဖြစ်သည်။

အဆုံးမှာတော့ သူက အတန်ကြာသည်အထိ စောင့်ပေမယ့်လည်း အန်းကုန်းကုန်းဆီကနောက်ထပ်စကားတစ်ခွန်းကို မကြားရပေ။ ထိုသူတွေ ထွက်သွားတော့မည်ကို မြင်လိုက်တော့ ကုရို့လန်က မစောင့်နိုင်တော့သဖြင့် ရာထူးတွေဘာတွေကိုလည်း ဂရုစိုက်မနေတော့ဘဲ ချက်ချင်း အန်းကုန်းကုန်းကို တားမြစ်လိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now