အပိုင်း(၄၀)သူက ကိုယ်တော့်ရဲ့ ဧကရီပဲ

2.3K 285 12
                                    

‌ဒီနေ့တစ်နေ့လုံး ကျောက်ဝမ်ယုံးက စိတ်နဲ့ကိုယ်နဲ့မကပ်ချေ။ ညီလာခံခန်းမရှိ အမတ်များက သူတစ်ခွန်း ငါတစ်ခွန်းဖြင့် တရစပ် ငြင်းခုံနေကြပေမယ့်လည်း ကျောက်ဝမ်ယုံးက မျက်လုံးတောင် လှန်မကြည့်ချေ။

အခွန်ဝန်ကြီးနှင့် စစ်သူကြီး ဝေးဝူက စစ်အသုံးစရိတ်ကိစ္စကြောင့်နဲ့ တစ်မနက်လုံး ရန်ဖြစ်နေခဲ့သည်။ ကြားထဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးအိုကပါ ဝင်စွက်ဖက်လာသည်။ နှစ်ဖက်လုံး တစ်ယောက်တစ်ပေါက်နှင့် တရစပ် ငြင်းခုံနေကြသည်။

"အရှင်မင်းကြီး"

ကာကွယ်ရေးဝန်ကြီးက စိတ်မရှည်တော့ချေ။ အဖြေတစ်ခုလိုချင်သဖြင့် ချက်ချင်း
ကျောက်ဝမ်ယုံးကို ဆွဲထည့်လိုက်သည်။

ပလ္လင်ထက်ရှိ ကျောက်ဝမ်ယုံးက မျက်နှာကြီး သုန်မှုန်နေပြီး စကားတစ်ခွန်းမှ မပြောချေ။ မူးမတ်များက အရှင်မင်းကြီးသည် နိုင်ငံရေးကိစ္စကြောင့် စိတ်ရှုပ်နေတာဖြစ်သည်ဟု ထင်မိလိုက်ကြသေးသည်။ ကာကွယ်ရေးဝန်ကြီးက မတတ်နိုင်သဖြင့် တစ်ခေါက်ထပ်ပြောလိုက်သည်။

"အရှင်မင်းကြီး ကျန်းရှီးဒေသရဲ့ မိုးခေါင်မှုကြောင့် ရန်ပုံငွေတွေ မရေမတွက်နိုင်အောင် ခွဲဝေပြီးပါပြီ၊ ဒါပေမယ့် ပြည်သူတွေလက်ထဲကို ဆယ်ပုံတစ်ပုံတောင် ရောက်မလာခဲ့ပါဘူး၊ အရာရှိတွေ အကျင့်ပျက်ခြစားကြတာက အခွန်ဝန်ကြီးဌာနရဲ့ ပြဿနာပါ၊ ဒုက္ခသည်တွေကယ်ဖို့အတွက် စစ်ရေးအသုံးစရိတ်ထဲက ထပ်ဖြတ်တယ်ဆိုတာ ဘယ်မှာရှိလို့လဲ"

အခွန်ဝန်ကြီးက ချက်ချင်း ပြန်ပက်လာသည်။

"လျှောက်ပြောမနေနဲ့၊ စစ်ရေးအသုံးစရိတ်ကို ရှေ့လကတည်းက ခွဲဝေချထားပြီးပြီ၊ ငါက ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ထပ်တိုးပေးပြီး ကျန်းရှီးဒေသရဲ့ ကပ်ဘေးကို အရင် ဖြေရှင်းဖို့ အကြံပြုရုံတင်ပါ"

စစ်သူကြီးဝေးဝူက နားမထောင်နိုင်တော့ချေ။

"ဒီနှစ်အတွက် စစ်ရေးအသုံးစရိတ်ကို တိုးပေးဖို့ ဆုံးဖြတ်ထားပြီးပြီလေ၊ လူကြီးမင်း မသိဘူးလား"

တရစပ်ငြင်းခုန်ကြပြန်သည်။

ကျောက်ဝမ်ယုံးက ခေါင်းငုံထားပြီး သူ့တို့ကို တစ်ချက်တောင်မကြည့်ချေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now