အပိုင်း(၃၃) ကိုယ်မင်းကိုလွမ်းလို့

2.1K 260 7
                                    

ကျောက်ဝမ်ယုံး ဝင်လာသည့်အချိန်တွင် အားလုံးက ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်သည်။
ကုထင်ရန်လည်း သူမြင်နေကျအပြုံးမျက်နှာလေးဖြင့် သူ့ကို ပြောလိုက်သည်။

"အရှင်ဘယ်လိုလုပ်ရောက်လာတာလဲ"

ကျောက်ဝမ်ယုံးက ကုထင်ရန်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ကုထင်ရန်၏ နဖူးပြင်ကို နမ်း၍ ပြောလိုက်၏။

"ကိုယ် မင်းကို လွမ်းလို့"

တိုးတိုးညှင်းညှင်း အသံလေးက ကျယ်ပြန့်လှသည့် နန်းဆောင်အတွင်း ပဲ့တင်ထပ်သွားလေသည်။ ဤစကားလုံးအချို့က သူ့နှလုံးသားထဲ သက်ဆင်းသွားသလို ကုထင်ရန်က ခံစားမိလိုက်သည်။

သူ့မျက်နှာကို ကျောက်ဝမ်ယုံး၏ ရင်ခွင်ထဲခပ်နက်နက် နှစ်ထားပြီး ဆို့နစ်စွာ ပြောလိုက်သည်။

"ကျွန်တော်လည်း လွမ်းတယ်"

အရာအားလုံးက ဘာဆိုဘာမှ မပြောင်းလဲသည့်နှယ်။

ညနေရောက်သည့်အချိန်တွင်
ကျောက်ရှန့်ရှီးက ဒေါသူပုန်ထလျက် ထပ်ရောက်လာပြီး ပါးစပ်ကနေ တတွတ်တွတ် ရေရွတ်လာသေး၏။

"ဖေဖေ၊ လူကြီးမင်း ကျူးကောယွီ သားကို အနိုင်ကျင့်တယ်"

ကုထင်ရန်က ပြုံးလျက် သူ့ကို ရင်ခွင်ထဲ၌ ချုပ်ထားလိုက်ပြီး လက်ကိုင်ပဝါဖြင့် သူ့မျက်နှာပေါ်ရှိ ချွေးစလေးများကို ဖြည်းဖြည်းချင်းဆီ သုတ်ပေးလိုက်သည်။

ကျောက်ဝမ်ယုံးက တစ်ဖက်တွင် တိုင်းရေးပြည်ရေးကိစ္စများ ကိုင်တွယ်နေရင်း ဇနီးနဲ့သားလေးအသံ ကြားတော့ နှုတ်ခမ်းထောင့်စွန်း၌ အပြုံးရေးရေးလေး ပေါ်လာခဲ့သည်။

ကျောက်ရှန့်ရှီးသည် ဒီနေ့ လူကြီးမင်း
ကျူးကောယွီဆီက ထပ်ပြီး ဘယ်လို ချောက်ချခံရသည့် ကိစ္စများကို တစ်ခုချင်းဆီ ဖေဖေအား ပြောပြနေလေသည်။ ကြားထဲတွင် အပိုစာသားအဖြစ် ကိုယ့်ရဲ့ ထင်ကြေးများကို ဖြည့်ပြောလိုက်သေးသည်။

ကုထင်ရန်က နားထောင်ရင်း ရယ်ပဲရယ်လိုက်သည်။

ခဏလောက်ကြာပြီးမှသာ ကျောက်ရှန့်ရှီးက စကားကြောကို ဖြတ်လိုက်သည်။
ကုထင်ရန်က ပြုံးလျက် သူ့ကို မေးလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now