အပိုင်း(၉၂) ကိုယ်တို့

2.1K 289 10
                                    

"မင်း.....မင်းဘာ ပြောလိုက်တာ....."

ကျောက်ဝမ်ယုံးက မယုံနိုင်စွာနဲ့ ကုထင်ရန်ကို ကြည့်ပြီး တုန်တုန်ယင်ယင်နဲ့ ပြောလိုက်သည်။

သူက ၎င်းစကားရဲ့ အဓိပ္ပာယ်ကို နားမလည်နိုင်သလိုပင်။ ကုထင်ရန်၏ မျက်ဝန်းကို မမှိတ်မသုန်စိုက်ကြည့်နေရင်း မရဲတရဲနဲ့ အထပ်ထပ်အခါအခါ အတည်ပြုနေလေသည်။

"ကျွန်တော်က ခင်ဗျားပြောပြရမယ်လို့ပြောတာ၊ ခင်ဗျားရဲ့အတွေးတွေကို ကျွန်တော်ကို မပြောပြရင် ကျွန်တော် တစ်သက်လုံးသိမှာမဟုတ်ဘူးလေ"

ကုထင်ရန်က ပြုံးစစနဲ့ သူ့ကို ကြည့်နေလေသည်။

ကျောက်ဝမ်ယုံးက သူ့မျက်ဝန်းအစုံကို သေချာစိုက်ကြည့်ရင်း အတန်ကြာတဲ့အထိ အတည်ပြုနေလေသည်။ မျက်စိရှေ့က အရာအားလုံးကို သူမယုံရဲသလိုပင်။
ကုထင်ရန်က သူ့အား ထိုစကားပြောသည့်အချိန်တွင် ပြုံးရယ်နေသည်ကို သူမယုံရဲပေ။

ကျောက်ဝမ်ယုံးက ရုတ်တရက် ရှေ့တိုးပြီး ကုထင်ရန်၏ လက်ကို ရုတ်ချည်း ဆုပ်ကိုင်လိုက်တော့သည်။ ထို့နောက် သူ့ရဲ့ နူးညံ့အိစက်သော နှုတ်ခမ်းပါးလေးကို နမ်းလိုက်သည်။

သူက ကုထင်ရန်၏ မျက်ဝန်းအစုံကို ကြည့်ပြီး ကတုန်ကယင်နဲ့ ပြောလိုက်သည်။

"အဲ့....အဲ့လိုမျိုးလား"

ကုထင်ရန်က သူ့ရဲ့ မေးခွန်းကိုချက်ချင်း ပြန်မဖြေပေ။ သူ့ကို နှုတ်ဆိတ်၍သာ ကြည့်နေလေသည်။

ကျောက်ဝမ်ယုံးသည် ကုထင်ရန်၏ တည်ငြိမ်နေသော မျက်ဝန်းအစုံထဲတွင် ရွံရှာမုန်းတီးမှုများ ကပ်ပါမနေသည်ကို အလွယ်တကူ ရှာတွေ့သွားခဲ့သည်။

ကုထင်ရန်၏ အတွေးကို သူလည်း ထပ်မခန့်မှန်းရဲတော့ပေ။ အတိတ်က ကျရှုံးခဲ့မှုများသည် သူ့နှလုံးသားထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် ၎င်းအရာများအားလုံးကို သူ လျစ်လျူမရူရဲပေ။

သို့‌သော် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရ
သဖြင့် ခက်ခက်ခဲခဲ တင်းထားသော ကျောက်ဝမ်ယုံး၏ သတ္တိများက ကြာလှသည့်အချိန်ကာလအတွင်းမှာ တဖြေးဖြေး  ပျောက်ကွယ်သွားတော့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now