အခန်း(၇) သတိလစ်မေ့မြောခြင်း

7K 826 17
                                    

ကျောက်ဝမ်ယုံးက ကုထင်ရန်ကို ကုတင်ပေါ်တင်လိုက်ပြီး ဂရုတစိုက်ဖြင့် နဖူးကို စမ်းကြည့်လိုက်သည်။ လက်တင်လိုက်ရုံနှင့် ခြစ်ခြစ်တောက်ပူနေသဖြင့် ချက်ချင်း လက်ကို သတိထား၍ ပြန်ရုတ်ပြီးနောက် ထပ်မထိတော့ပေ။

"မင်း မြန်လာကြည့်ကြည့် သူဘယ်လို‌နေလဲ"

လီယွမ် အလျင်အမြန်‌‌ ရှေ့တတ်သွားပြီး သွေးကြောကို စမ်းလိုက်သည့်အချိန်မှစ၍ မျက်နှာအရောင်က  ပိုပိုပြီး ပျက်ယွင်းလာကာ အတန်ကြာသည်အထိ စကားမပြော တော့ချေ။

ကျောက်ဝမ်ယုံးကတော့ အစိုးရိမ်လွန်ပြီး
ကုထင်ရန်၏ ကုတင်‌ရှေ့မှာ မရပ်မနား လည့်ပတ်လျှောက်နေလေသည်။ သည်းမခံနိုင်တော့တဲ့အဆုံး ပန်းအိုနှစ်လုံးကို ထပ်ခွဲလိုက်ပြန်သည်။

"တကယ်ပဲဘာဖြစ်တာလဲ၊ အပြင်ပိုင်းဒဏ်ရာပဲ မဟုတ်ဘူးလား"

သမားတော်လီက ထိတ်ထိတ်ပျာပျာဖြင့် လက်ကို ပြန်ရုတ်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်ချကာ

"အစကတည်းက သခင်လေးရဲ့ ခန္ဓာကိုယ်အားနည်းချိနဲ့တယ်၊ ထပ်ပြီး အမြဲတမ်းလိုလို အားတိုးဆေး‌တွေ အတိုက်ခံထားရတာတော့ ကျန်းမာရေးက ဟိုးအရင်ကတည်းက ချူချာနေပြီး သွေးအားနည်း......

လီယွမ်ခေါင်းမော့လိုက်သည်နှင့်
ကျောက်ဝမ်ယုံး၏ မဲမှောင်နေသည့်
အကြည့်နှင့် ရင်ဆိုင်လိုက်ရလေသည်။ သို့ပေမယ့် ခေါင်းကျိန်းကျိန်းနှင့် ဆက်ပြောလိုက်သည်။

"ဒီနေ့ထပ်ပြီး......အပြင်ပိုင်းဒဏ်ရာတွေ ထပ်ရလာတော့ အတွင်းထဲက ဒဏ်တွေနဲ့ရောသွားပြီး အဲ့ဒါ......အဲ့ဒါကြောင့် သတိလစ်မေ့မြောသွားတာပါ"

"အခြေအနေပိုဆိုးသွားမှာ စိုးမိ.....စိုးမိပါတယ်"

ထို စကားကို အတတ်နိုင်ဆုံး ကောင်းဖို့အတွက် သူပြောလိုက်ခြင်းဖြစ်သည်။
ကုထင်ရန်၏ ခန္ဓာကိုယ်ကလည်း အပြင်ပန်းကြည့်ရင်သာ ကောင်းတာ အတွင်းထဲမှာတော့ အစောကြီးကတည်းက အတော်လေး ယိုယွင်းပျက်စီးနေပြီဖြစ်သည်။

ကျောက်ဝမ်ယုံးက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ မျက်နှာပေါ်မှာ‌တော့ တည်ငြိမ်မှု အနည်းငယ်ပြန်ရ‌နေပေမယ့် လူကတော့ ကြည့်ရတာ ယောင်ချာချာဖြစ်နေသေးလေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now