Extra 5🌹🌹🌹

20.6K 1.2K 289
                                    

(Unicode Version)


(၁)နှစ်ခန့်ကြာသော်-

‌ဆရာ ဆုံးပါးပြီးကတည်းက ကျွန်တော်လည်း 'သူရိန်ကို'တို့ကိစ္စကို ဝင်မပါဖြစ်တော့ဘဲ မေ့မေ့ပျောက်ပျောက်နေခဲ့မိသည်။ ဟိုတယ်လုပ်ငန်းက တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုးချဲ့နေရတာမို့ ငသစ်အဖိုးရဲ့လမ်းညွှန်မှုကြောင့် 'ဦးမျိုးမြတ်'နဲ့ပူးပေါင်းပြီး ကျွန်တော် သင်ယူလေ့လာခဲ့ရပြန်သည်။

"🎶...🎶...🎶"

စာဖတ်နေရင်းနဲ့ မြည်လာတဲ့ ဖုန်းသံကြောင့် ကျွန်တော် ‌ခေါ်ဆိုသူကို လှမ်းကြည့်လိုက်မိတော့သည်။ ထိုသူက ပေါ်တော်မူ'ဝသန်'ပင်...

"ဘာလဲ...ဟေ့ကောင်!?"

"ဟာ...ဖုန်းဖြေတဲ့ပုံစံက ရင့်လှချည်လား!?"

"ရင့်ရင့်ပဲ...ပြောစရာရှိတာ ပြောပြီးရင် ဖုန်းချလိုက်တော့။ ငါ စာဖတ်နေတာ။"

"လပြည့်မှူး...ငါတို့ မတွေ့ဖြစ်တာ ဘယ်နှလရှိနေပြီလဲ!? ဒီကာလအတွင်းမှာ ငါ့ကို မလွမ်းဘူးလား!?"

"အဲ့စကားကိုသာ ငသစ် ကြားသွားရင် မင်းကို ချက်ချင်း လည်ပင်းလာညှစ်မှာ သေချာတယ်။"

"မင်းယောက်ျားရဲ့အူတိုချက်ကတော့ လက်လန်ပါတယ်ကွာ။"

"ဒါနဲ့ မင်းတို့က မြန်မာပြည်ကို ဘယ်တုန်းက ပြန်ရောက်တာလဲ!?"

"မနေ့ညက ပြန်ရောက်တာ။ ဒီနေ့ တီလေးနဲ့ သူ့သားကို ပြန်ဆုံပေးဖို့ စီစဉ်ထားကြတယ်။ အဲ့ပွဲကို လာခဲ့ဖို့ ဖွားဖွားက မင်းတို့ကို လှမ်းဖိတ်ခိုင်းလိုက်လို့။"

"မင်းအဖိုးက လက်ခံလိုက်ပြီလား!?"

"အင်း...အဲဒါကြောင့်လည်း ပြန်ဆုံပေးလို့ ရတာပေါ့။"

"သူရိန်ကိုကရော သိပြီးပြီလား!?"

"သူက သိပြီးပြီ။ မသိသေးတာက တီလေးပဲ။ သူ့ကို Surpriseလုပ်ပေးဖို့ ပြင်ထားတာ။"

"မင်းတို့မိသားစုအချင်းချင်းပဲ ကျင်းပလိုက်တာ ပိုကောင်းပါတယ်။ အပြင်လူတွေ ပါလာရင် မကောင်းဘူးလေ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now