အခန်း ၂၄ (Chapter 24)

14.7K 1.8K 125
                                    

(Unicode Version)


မနေ့က ဆေးထိုးထားတဲ့အရှိန်ကြောင့် နေလို့ ကောင်းသွားပေမယ့် ကြီးမေတို့ကို ဘုရားလိုက်ပို့ပေးဖို့ တာဝန်ကိုတော့ မေမေတို့ဆီ လွှဲပြောင်းပေးခဲ့ရလေသည်။

"သားကို စောင့်ရှောက်ပေးဖို့ သစ်သစ်ကို တာဝန်ပေးထားခဲ့တယ်။ ဘာမှမပူနဲ့... အေးအေးဆေးဆေးသာ နားနေ။ ဟုတ်ပြီလား!?"

မေမေရဲ့ဖျောင်းဖျစကားက ကျွန်တော့်အတွက်တော့ ခြိမ်းခြောက်သံလိုပင်။ ငသစ်နဲ့ အိမ်မှာ နှစ်ယောက်တည်းကျန်ခဲ့ရမယ့် ကျွန်တော့်ဘဝက တစ်ချိန်လုံး ဘုရားတ,နေရဖို့ သေချာနေတော့သည်။

"စိတ်ချပါ...ဖွားဖွားရယ်။ ဒယ်ဒီ့ကို သား သေချာလေး ပြုစုပေးလိုက်ပါ့မယ်။"

မေမေကတော့ သူ့မြေးအလိမ္မာတုံးလေး ပြောသမျှကို အဟုတ်ကြီး ထင်မှတ်ကာ အပျော်ကြီး ပျော်နေခဲ့လေသည်။

"ကဲ...ဒါဆို ဖွားဖွားတို့ သွားတော့မယ်နော်။"

လှည့်ထွက်သွားဖို့ ခြေလှမ်းပြင်လိုက်တဲ့ မေမေ့ကို ကျွန်တော် အမြန်လှမ်းမေးလိုက်မိသည်။

"မေမေ...ဘယ်အချိန်လောက် ပြန်ရောက်မှာလဲဟင်!?"

"ညနေလောက်မှ ပြန်ရောက်မှာ။ ဘာဖြစ်လို့လဲ...သား!?"

"သား လိုက်ခဲ့လို့ မရဘူးလား!?"

"သားက နေလို့မှမကောင်းသေးတာ။ အိမ်မှာပဲ နားလိုက်ပါ သားရယ်။"

"ဟုတ်သားပဲ။ ဒယ်ဒီကလည်း ကျွန်တော်တစ်ယောက်လုံး အိမ်မှာ ကျန်နေခဲ့ပါတယ်။ ဘာမှအားမငယ်နဲ့။ ဖွားဖွား...တာ့တာ။"

မေမေတို့ကို အနုနည်းနဲ့ နှင်ထုတ်လိုက်တဲ့ ငသစ်က ကျွန်တော့်ကို အိမ်ထဲ ဆွဲခေါ်လာခဲ့ပြီး ခုံပေါ်မှာ ထိုင်ခိုင်းလိုက်လေသည်။

"ကျွန်တော့်ကို တော်တော်ကြောက်နေတယ်ပေါ့...ဟုတ်လား!?"

ငသစ်က ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး ကျွန်တော့်ဒူးခေါင်းပေါ် သူ့မေးစေ့တင်ထားရင်းနဲ့ မေးလိုက်တော့သည်။

"မင်းလည်း လူ၊ ငါလည်း လူပဲလေ။ ဘာကြောက်စရာရှိလို့လဲ!?"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now