အခန်း ၅၁ (Chapter 51)

10.7K 1.3K 220
                                    

(Unicode Version)


"ကျွန်တော်ရော...လိုက်ခဲ့လို့မရဘူးလား!?"

'ဝသန်'နဲ့ကစားကွင်းသွားဖို့ ပြင်ဆင်နေတဲ့ ကျွန်တော့်ကို ငသစ်က တောက်လျှောက်ဂျီကျနေခဲ့လေသည်။

"မင်းက ဒီနေ့ အလုပ်သွားရမှာလေ။"

"‌နေမကောင်းလို့ဆိုပြီး တစ်ရက်လောက် နားလိုက်ရင် ရတာပဲ။"

"ဟေ့ကောင်...မင်းက အခုမှ တက်သစ်စ,ပဲ ရှိသေးတာနော်။ တစ်ရက်နားတာတွေ ဘာတွေ သွားလုပ်ရင် မင်းကို အမြင်ကတ်ကုန်ကြမှာပေါ့။"

"ဒါဆိုလည်း ဟိုကောင့်ဆီဖုန်းဆက်ပြီး ရက်ရွှေ့ခိုင်းလိုက်ပါလား!? ကျွန်တော် အားတဲ့ရက်မှ အတူတူသွားကြရအောင်။"

"သူက ကိစ္စမရှိပေမယ့် သူ့သူငယ်ချင်းက ရမှာမဟုတ်ဘူး။ ကစားကွင်းလည်း မင်း ရောက်ဖူးနေကျပဲဟာ။ ဘာလို့ လိုက်ချင်နေရတာလဲ!?"

"ကစားကွင်းကို သွားချင်လို့ မဟုတ်ဘူး။ သူနဲ့ ဒယ်ဒီ့ကို အတူတူမရှိစေချင်တာ။"

"သူက ငါ့ကို လိုက်စ,နေတာပါလို့ မင်းကို ရှင်းပြပြီးပြီလေ။"

"စ,တာကနေ အတည်ဖြစ်သွားရင်ရော!?"

ကျွန်တော် ဘယ်လောက်ပဲငြင်းငြင်း ငသစ်ရဲ့သံသယက ပျောက်သွားမယ့်ပုံမရှိပေ။ ထို့ကြောင့် မတတ်နိုင်တဲ့အဆုံးမှာ 'ဝသန်'ရဲ့လျှို့ဝှက်ချက်ကို ကျွန်တော် ပြောပြလိုက်ရတော့သည်။

"မင်းကို ငါ ကိစ္စတစ်ခုပြောပြမယ်။ ဒါပေမဲ့ အဲ့ကိစ္စကို လုံးဝလျှို့ဝှက်ထားရမယ်နော်။ အထူးသဖြင့် မဒေလီယာကို လုံးဝမပြောပြမိစေနဲ့။"

"ဘာကိစ္စမို့လို့လဲ!?"

"ဝသန်က ဒီနေ့ သူ ကြိုက်နေတဲ့ကောင်လေးနဲ့ ငါ့ကို မိတ်ဆက်ပေးမှာ။"

"အဲ့ကောင်က လျှောက်ပြောနေတာရော မဖြစ်နိုင်ဘူးလား!?"

"သူက အဲ့တစ်ယောက်ကို ဆယ်တန်းတက်ကတည်းက ကြိုက်နေခဲ့တာ။ ဖွင့်လည်း ပြောပြီးနေပြီ။ ဒီနေ့ အဖြေတောင်းတော့မှာတဲ့။"

"အဲဒါဆိုလည်း သူတို့ဘာသာသူတို့ပဲ သွားပါစေပေါ့။ ဒယ်ဒီက ဘာလို့ လိုက်ရှုပ်နေဦးမှာလဲ!?"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now