အခန်း ၂၉ (Chapter 29)

13.8K 1.8K 163
                                    

(Unicode Version)


ငသစ်ရဲ့ခြိမ်းခြောက်မှုကို ကြောက်နေကြသူတွေက 'ပန်းဝတ်ရည်'နဲ့ကိစ္စကို ထပ်မဖြန့်ရဲဘဲ ငြိမ်သက်သွားခဲ့လေသည်။ ဒါ‌ပေမဲ့လည်း  'ပန်းဝတ်ရည်'ရဲ့သူငယ်ချင်း တော်‌တော်များများက‌ ကျွန်တော့်ကို ရှောင်ဖယ်သွားခဲ့ကြသည်။ 'သူငယ်ချင်းမရှိတာက ပြဿနာများတာထက် ပိုကောင်းပါသေးတယ်'လို့ မှတ်ယူရင်း ကျွန်တော် နေတတ်အောင် ကြိုးစားခဲ့ရပြန်သည်။

"လပြည့်မှူး..."

ဘယ်အချိန်ကတည်းက ကျွန်တော့်ဘေးနားရောက်နေမှန်းမသိတဲ့ 'ဝဏ္ဏ'ကြောင့် အတွေးတွေ ပျက်သွားရတော့သည်။

"ဪ...မင်း ရောက်လာပြီလား!?"

"မင်းမျက်နှာက မကောင်းပါလား!? ဘာဖြစ်လို့လဲ!?"

"ဒီလိုပါပဲကွာ။ ဟိုနေ့ကကိစ္စအတွက် အားနာနေလို့ပါ။ မင်းရော ဝတ်ရည်နဲ့ တွေ့ဖြစ်သေးလား!? သူ အဆင်မှပြေရဲ့လား!?"

"သူ အဆင်ပြေပါတယ်။ မင်းကို စိတ်ပူမနေဖို့လည်း မှာလိုက်သေးတယ်။ အခြေအနေတွေအားလုံး တည်ငြိမ်သွားရင် ပြန်တွေ့ကြမယ်တဲ့။"

'ပန်းဝတ်ရည်'လို သဘောထားပြည့်ဝတဲ့သူအပေါ် ကျွန်တော် အပြစ်မကင်းသလို ခံစားနေရလေသည်။

"အခုချိန်ထိ ငါ့ဘက်မှာ ရှိနေပေးလို့ မင်းကိုလည်း ကျေးဇူးတင်ပါတယ်။"

"ငါတို့က သူငယ်ချင်းတွေပဲလေ။ မင်းဘက်ကနေ ငါ ရှိနေပေးရမှာပေါ့။"

'ဝဏ္ဏ'ဆီမှာ ဒီလိုစိတ်မျိုးရှိတာကို ကျွန်တော် ဝမ်းသာမိလေသည်။ ကျွန်တော့်အတွက် ဒီလိုသူငယ်ချင်း‌တစ်ယောက်ရှိရုံနဲ့ ကျေနပ်နိုင်ပြီမို့ စိတ်ရှုပ်ထွေးမှုတွေ ပျောက်ကွယ်သွားခဲ့ရတော့သည်။

"ငါ မင်းကို တစ်ခုတော့ သတိပေးရဦးမယ်။"

"ဘာဖြစ်လို့လဲ!?"

"ဟိုတစ်ခါ ပန်းဝတ်ရည်ကို ရည်းစားစကား ပြောတဲ့တစ်‌ယောက်ကို သိတယ်မလား!?"

"မှတ်မိတယ်လေ။ သူ့နာမည်က စစ်မင်းလားမသိဘူး။"

"အေး...ဟုတ်တယ်။ အဲ့ကောင်က ဝတ်ရည်ကို မင်းက ဖြတ်ခုတ်သွားတယ်ဆိုပြီး တင်းနေတာ။ ဟိုနေ့က ကိစ္စကိုလည်း သိသွားရော ပိုဆိုးသွားတယ်။ သူ့ကို လိမ်သွားတယ်ဆိုပြီး မင်းကို ပြဿနာရှာဖို့ လုပ်နေတာ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now