Extra 3🌹🌹🌹

8.9K 1K 158
                                    

(Unicode Version)


စနေနဲ့ တနင်္ဂနွေနေ့တိုင်း မေမေတို့အိမ်မှာ ပြန်လာနေပေးဖို့ ကျွန်တော်တို့ သဘောတူညီချက်ယူထားခဲ့ကြပြီး မမတို့က ကျွန်တော်တို့ပတ်သက်မှုနဲ့ တဖြည်းဖြည်း နေသားကျလာခဲ့ပြီမို့ စကားပြောဆိုရတာလည်း အဆင်ပြေချောမွေ့လာခဲ့လေသည်။

"ဒီနေ့ ဝဏ္ဏရဲ့မင်္ဂလာပွဲကို သွားရမှာမလား!?"

ရိုက်ကွင်းသွားဖို့ ပြင်ဆင်နေရင်းနဲ့ ငသစ်က ကျွန်တော့်ကို လှမ်းမေးလိုက်သည်။

"ဟုတ်တယ်။"

"ကျွန်တော်ကလည်း ဒီနေ့မှ အလုပ်များနေတာ။ ဒယ်ဒီ အဖော်ရအောင်လို့ တစ်ချိန်ဖျက်လိုက်ရင် ကောင်းမလား!?"

"နေပါစေတော့။ အလုပ်ကို သွားမဖျက်ပါနဲ့။ ဝဏ္ဏက မင်းနဲ့ အရမ်းရင်းနှီးတဲ့သူလည်း မဟုတ်ဘူး။ ပြီးတော့ နွယ်က မင်းကို မြင်ပြီး ဒေါသထွက်နေပါဦးမယ်။"

"သူကလည်း လူကသာ အေးတာ။ ဒေါသကတော့ ကြီးသလားမမေးနဲ့။"

"သူများကို အပြစ်သွားပြောမနေနဲ့။ အရှက်ကြီးတဲ့မိန်းကလေးကိုမှ မင်းက အရှက်ခွဲသလို လုပ်ခဲ့မိတာကရော!? သူ့ခမျာ ချစ်သူရည်းစား ထပ်ထားဖို့တောင် ကြောက်သွားရှာတာ။ ဝဏ္ဏက စိတ်ရှည်ရှည်နဲ့ လိုက်ခဲ့လို့သာ သူ့ဘက်ကလည်း ပြန်လက်ခံပေးခဲ့တာလေ။"

"ဝဏ္ဏက ဒါမျိုးကျတော့ ဇွဲကြီးသားပဲ။"

"တကယ်ချစ်လို့ စိတ်ရှည်ပေးနိုင်တာပေါ့။"

"ဒါဆို ဒယ်ဒီကလည်း ကျွန်တော့်အပေါ် စိတ်ရှည်မှာပေါ့။"

"ရှည်စရာလား!? အခုပဲကြည့်...(၉)နာရီ ထိုးပြီး ကားက ရောက်လာတော့မယ်။ လူက ပြင်ဆင်တာ မပြီးသေးဘူး။ အဲ့ကြားထဲက ငါ့ကို စကားလာများနေမှတော့ စိတ်က လုံးဝကို မရှည်တော့တာ။ အခုချက်ချင်းတောင် ထ,ရိုက်ပစ်ချင်နေပြီ။"

"ဒီကြယ်သီးက တပ်ရခက်လို့ပါ...ဒယ်ဒီရဲ့။ လာမကူညီပေးဘဲ အပြစ်မပြောပါနဲ့။"

ကျွန်တော်ကလည်း နားငြီးတဲ့ဒဏ်ကို မခံနိုင်တဲ့သူမို့ သူ့အင်္ကျီကို ကြယ်သီးသွားတပ်ပေးခဲ့ရလေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now