အခန်း ၇၅ (Chapter 75)

24.2K 1.3K 207
                                    

(Unicode Version)


နံနက်(၆)နာရီခန့်တွင်-

"🎵...🎵...🎵"

မနေ့ညက ပင်ပန်းပြီး စောစောစီးစီး အိပ်ဖြစ်သွားတဲ့ ကျွန်တော်တို့နှစ်ဦးကို ကျယ်လောင်စွာမြည်လာတဲ့ ဖုန်းသံက နှိုးလိုက်လေသည်။

"ငသစ်...ဖုန်းလာနေတယ်လေ။ မြန်မြန်ကိုင်လိုက်ဦး။"

ကျွန်တော့်ကို လွှတ်မပေးဘဲ ပွေ့ဖက်ထားပြီး ဖုန်းသံကို လျစ်လျူရှူဖို့ ကြံနေတဲ့ သူ့ကြောင့် သတိပေးစကား လှမ်းပြောလိုက်မိသည်။ ထိုအချိန်ကျမှ သူကလည်း စားပွဲပေါ်က ဖုန်းကို ယူဖို့အတွက် လက်ရွယ်လိုက်ရတော့သည်။

"ဟယ်လို..."

အိပ်ချင်မူးတူးအသံနဲ့ သူက ပြန်ဖြေလိုက်ပေမယ့် ချက်ချင်း မျက်လုံးပြူးသွားလေသည်။

"အ...ဖိုး..."

ထိုအသံကြောင့် ကျွန်တော်လည်း ထိတ်လန့်ပြီး နားစွင့်ထားလိုက်မိသည်။

"အခု အဖိုးဝယ်ပေးထားတဲ့ တိုက်ခန်းမှာ နေနေတာပါ။"

တစ်ဖက်က ဘာပြန်ပြောမှန်း မသိရပေမယ့် ကျွန်တော်တို့အခြေအနေကို စုံစမ်းနေပုံပင်။

"ဟုတ်ကဲ့...သားတို့ လာခဲ့ပါ့မယ်။"

ထိုစကားကို ပြန်ကြားရပြီး တစ်ဖက်က ဖုန်းချသွားချိန်မှာ ကျွန်တော်လည်း သူ့ကို အမြန်မေးလိုက်မိသည်။

"မင်းအဖိုးက ဘာတဲ့လဲ!?"

"နောက်တစ်နာရီနေရင် သူ့တပည့်ကို ကားနဲ့ လာကြိုခိုင်းလိုက်မယ်တဲ့။ ကျွန်တော်တို့နှစ်ယောက်လုံးနဲ့ စကားပြောချင်လို့ လာခဲ့ကြပါတဲ့။"

"သူ့အသံက စိတ်တိုနေတဲ့အသံမျိုးလား!?"

"မဟုတ်ပါဘူး။ ပုံမှန်ပါပဲ။ ဘာလဲ!? အဖိုးကို ကြောက်နေတာလား!?"

"သူနဲ့က စကားရယ်လို့ တစ်ခါပဲပြောဖူးတာ။ သူက ငါတို့ကို လက်ခံပေးပါ့မလား!? မင်းကို သူက အရမ်းမှန်းထားတာလေ။"

"လူအများကြီးရှေ့မှာတောင် ဝန်ခံခဲ့ကြပြီးပြီပဲ။ အဖိုးကို အဲ့လူတွေထဲက တစ်ယောက်လို့ သဘောထားလိုက်ပေါ့။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now