🌹10🌹

17.8K 2.2K 186
                                    

(Unicode Version)

စနိုးနဲ့ ဖူးငုံကို ငသစ် ဘာသွားပြောလိုက်လဲ မသိပါဘူး။ နှစ်ယောက်စလုံးက ကျွန်တော့်ရှေ့မှာ လုံးဝကို ပေါ်မလာတော့တာ။

ငသစ်ကို မေးကြည့်ချင်စိတ်လည်း မရှိတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်လျှော့ထားလိုက်ရတယ်။ အခုအချိန်မှာ ကျွန်တော် အာရုံစိုက်မိတဲ့ တစ်ခုတည်းသောအရာက သူ့ရဲ့စိတ်ရောဂါကို အမြန်ဆုံးကုပေးနိုင်ဖို့ပါပဲ။

အဲဒါကြောင့် မေမေတို့ကိုလည်း ဆရာဝန်ဆီ သွားပြပေးဖို့ အတင်းလောခဲ့ရတာပေါ့။ တစ်လလောက်ကြာမှ ကျွန်တော့်ရဲ့အကြံပြုချက်က အကောင်အထည်ပေါ်လာလေရဲ့။

ဒါပေမဲ့ ပြဿနာတစ်ခုက ကျန်သေးတယ်။ အဲဒါက ငသစ်ကို ဆရာဝန်ဆီ ဘယ်လိုခေါ်သွားရမလဲဆိုတာပါပဲ။

နောက်ဆုံးတော့ အဲဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်က စတေးခံထပ်ဖြစ်ရပြန်တယ်။

"ငသစ်..."

အခန်းထဲမှာ စာထိုင်ကျက်နေတဲ့ ငသစ်က ခေါ်သံကြောင့် လှည့်ကြည့်လာခဲ့တယ်။

"ဘာဖြစ်လို့လဲ... ဒယ်ဒီ။"

ကျွန်တော်လည်း စာကြည့်စားပွဲနားမှာ သွားရပ်ပြီး စကားကို အချိုသာဆုံးဖြစ်အောင်လို့ ပြောခဲ့ရတာပေါ့။

"ဒီနေ့ မင်းကို ဆရာဝန်တစ်ယောက်နဲ့ သွားပြပေးမလို့။"

"ကျွန်တော်က နေလို့ကောင်းနေပြီလေ။ ဘာလို့ ထပ်သွားပြရဦးမှာလဲ။"

"အဲဒီဆရာဝန်က လက်ဒဏ်ရာအတွက် ပြရမဲ့ ဆရာဝန်မဟုတ်ဘူး။"

"ဒါဆို ဘာလုပ်တဲ့ ဆရာဝန်လဲ။"

"သူက မင်းနဲ့ ဆွေးနွေးပေးမှာ။ သူ မေးသမျှကို ပြန်ဖြေလိုက်ရုံပဲ။ မင်းကို လုံးဝနာအောင် မလုပ်ဘူး။ စိတ်ချ။"

သူက ခဏကြာအောင် စဉ်းစားကြည့်ပြီးမှ ကျွန်တော့်ကို ပြန်မေးခဲ့တယ်။

"ကျွန်တော် အဲဒီဆရာဝန်ဆီ သွားရင် ဒယ်ဒီ လိုက်မှာလား။"

"လိုက်မှာပေါ့။"

"ဒယ်ဒီနဲ့ အတူသွားရမယ်ဆိုရင် ပြီးတာပဲ။"

သူက တစ်ခါတလေကျရင် လိမ္မာသလို ရှိသား။ ဆိုးတာကတော့ အမြဲတမ်းလိုလိုပါ။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now