အခန်း ၁၈ (Chapter 18)

16.4K 2K 188
                                    

(Unicode Version)


မနေ့ညက မိုးချုပ်သွားတာမို့ နံနက် (၇)နာရီကို ကြိုးစားထပြီး ကျောင်းသွားဖို့ ပြင်ဆင်ရလေသည်။ ကျွန်တော်နဲ့ မရှေးမနှောင်းမှာပင် ငသစ်ကလည်း နိုးလာခဲ့ပြီး သင်တန်းသွားဖို့ ပြင်လေတော့သည်။

"သားတို့ မနေ့ညက မိုးချုပ်တယ်နော်။"

မေမေ့အသံကြောင့် စားနေတဲ့မုန့်က နင်သွားရသလိုပင်။ မေ့မေ့ပျောက်ပျောက် ထားခဲ့တဲ့ ကိစ္စကြီးကိုလည်း ကွက်ကွက်ကွင်းကွင်း ပြန်မြင်ယောင်လာမိလေသည်။

"သားတို့လည်း (၁၁)နာရီခွဲလောက် ပြန်လာတာပဲ။ ဒါပေမဲ့ မိုးခိုနေရင်းနဲ့ ကြာသွားတာ။"

ငသစ်က မေမေ့ကို ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်တော့သည်။ ကျွန်တော်ကသာ ဒါကြီးကို မမေ့နိုင်ဘဲနဲ့ ရင်ဘတ်ထဲ ဘီလူးဆိုင်းတီးနေရပေမယ့် သူကတော့ တည်ငြိမ်နေခဲ့လေသည်။ အခု ကျွန်တော့်ရှေ့မှာ ရှိနေတဲ့သူက ငသစ်မှ ဟုတ်ရဲ့လားလို့ သံသယဝင်မိသည် အထိပင်။ 'သူတောင် နေတတ်သေးတာပဲ။ ငါလည်း နေတတ်အောင် ကြိုးစားရမှာပေါ့။' စိတ်ထဲကနေ မခံချင်စိတ်နဲ့ တည်ငြိမ်အောင် နေကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့မိသည်။

"သား...မုန့်ကို ပါးစပ်မှာ ငုံထားပြီး ဘာလုပ်နေတာလဲ!?"

မေမေ့အသံကြောင့် ကျွန်တော် သတိထားမိလိုက်ချိန်မှာ ပါးစပ်ထဲမှာ ပေါင်မုန့်ကို ကိုက်ထားလျက်သား ဖြစ်နေခဲ့လေသည်။

"ဒယ်ဒီရဲ့အခုပုံစံက ခွေးလေးတွေ အစာချီလာသလိုပဲ။"

ငသစ်ရဲ့ခြေထောက်ကို ကျွန်တော် ခုံအောက်ကနေ လှမ်းကန်လိုက်မိသည်။ ငသစ်က 'သူ ပြောတာ ဘာမှားလို့လဲ' ဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ကြည့်လိုက်လေသည်။

"ညနေကျရင် မေမေ့တပည့်လေးရဲ့မိသားစု လာလည်ကြလိမ့်မယ်။ အဲ့အချိန်ဆို သားတို့လည်း ပြန်ရောက်လောက်ပြီမလား!?"

မေမေက ကျောင်းဆရာမ ဝင်လုပ်ခဲ့ဖူးတာမို့ တပည့်တပန်း များပြားလှပေသည်။ နှစ်စဉ် အိမ်ကို လာကန်တော့ကြတဲ့ တပည့်တွေက မေမေ့အတွက် ဂုဏ်ယူစရာ ဆုတံဆိပ်များနဲ့ အလားသဏ္ဍာန် တူနေခဲ့လေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now