အခန်း ၂၆ (Chapter 26)

13.8K 1.8K 132
                                    

(Unicode Version)


ဒီနေ့ ကျောင်းသွားရမှာကို ကျွန်တော် လုံးဝစိတ်မပါသလို ဖြစ်နေလေသည်။ လူအများကြားမှာ 'ပန်းဝတ်ရည်'နဲ့ ဟန်ဆောင်ချစ်သူတွေအဖြစ် နေပြရမှာကိုလည်း စိတ်မသက်မသာ ဖြစ်နေမိသည်။

"ဒယ်ဒီ...ကျောင်းသွားဖို့ ထတော့လေ။"

ငသစ်ရဲ့အသံကြောင့် ကျွန်တော် အိပ်ရာကနေ ထ,လာခဲ့ရပေမယ့် ရေချိုးခန်းထဲ မဝင်သေးဘဲ ဝေ့ဝိုက်နေခဲ့ရပြန်သည်။

"ဒယ်ဒီ...ဘာဖြစ်နေတာလဲ!?"

"ငါ...ဒီနေ့ ကျောင်းမသွားရင် ကောင်းမလားလို့..."

စကားမဆုံးသေးခင်မှာပဲ ငသစ်ရဲ့လက်က ကျွန်တော့်နဖူးပေါ် ကျရောက်လာလေသည်။

"ကိုယ်လည်း မပူပါဘူး။ ဘယ်နားက နေမကောင်းလို့လဲ!?"

နေမကောင်းဘူးလို့ ပြောလိုက်တာနဲ့ ဆေးရုံတန်းတင်မယ့် ငသစ်ကြောင့် ထိုဆင်ခြေကို မပေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်မိသည်။

"နေကောင်းပါတယ်။ ဒီနေ့တစ်ရက်လောက် အိမ်မှာ နားချင်လို့ပါ။"

ငသစ်က ကျွန်တော့်ကို မသင်္ကာသလို ကြည့်ပြီး မေးလိုက်လေသည်။

"မနေ့က ကျောင်းမှာ ဘာဖြစ်လာတာလဲ!?"

"ဘာမှမဖြစ်ပါဘူး။"

"သေချာတယ်နော်။"

"အင်း..."

တတ်နိုင်သမျှ လိမ်ညာနေရပေမယ့် ကိုယ့်စိတ်ကိုယ် မလုံသေးပေ။ ဒီပုံစံအတိုင်း ဆက်ငြင်းနေရင် ငသစ်ရဲ့သံသယက ပိုမိုကြီးထွားလာနိုင်တာမို့ ကျွန်တော် ကျောင်းသွားဖို့သာ ပြင်ဆင်ခဲ့ရတော့သည်။

"ဒီနေ့ မင်းရဲ့ကျောင်းကို ငါ လိုက်ခဲ့မယ်။"

ရေချိုးခန်းထဲက ပြန်ထွက်လာချိန်မှာ လှမ်းပြောလိုက်တဲ့ 'ရန်နောင်'ကြောင့် ကျွန်တော် အံ့အားသင့်သွားရလေသည်။

"မင်းက ငါနဲ့ လိုက်ခဲ့မလို့လား!?"

"ဟုတ်တယ်။"

ထိုအကြံက သိပ်မဆိုးလှဘူးလို့ ကျွန်တော် ယူဆလိုက်မိသည်။ 'ရန်နောင်'လိုက်လာတာကို အကြောင်းပြပြီး 'ပန်းဝတ်ရည်'နဲ့ မတွေ့ဘဲ ခဏရှောင်နေလို့ ရနိုင်ပေလိမ့်မည်။ ထိုကြောင့် ကျွန်တော်နဲ့အတူ 'ရန်နောင်'ကို ကျောင်းသို့ ခေါ်လာခဲ့မိတော့သည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now