🌹4🌹

19K 2.4K 228
                                    

(Unicode Version)

စနေနေ့မှာ ပုလဲနဲ့ သွားတွေ့ဖို့အတွက် ငသစ်ကို ကျွန်တော် အကူအညီတောင်းခဲ့မိတယ်။

"ငါနဲ့ အတူတူလိုက်ခဲ့စမ်းပါကွာ။ မင်း ပါရင် မေမေက သံသယဝင်မှာ မဟုတ်ဘူး။"

အမြင်အကတ်ဆုံးသူကို ခခယယတောင်းပန်နေရသတဲ့။ ကျွန်တော့်ဘဝက တော်‌တော့်ကို စုတ်ပဲ့နေပြီပဲ။

ဘာကို ဒေါသအထွက်ဆုံးလဲဆိုရင် ဒီလိုမျိုးတောင်းပန်တာတောင်မှ အင်တင်တင်လုပ်ပြနေတဲ့ ငသစ်ရဲ့မျက်နှာပေးကိုပေါ့။

"အပေးရှိရင် အယူရှိရတယ်... ဒယ်ဒီရဲ့။"

လေသံကို အထာကိုင်နေတာ။

"ငါက ဘာပေးရမှာလဲ။ မုန့်ဖိုးဆိုလည်း မင်းက အများဆုံးရတာ။ အိမ်နီးနားချင်းတွေကလည်း မင်းကိုပဲ မုန့်ဖိုးပေးကြတာလေ။"

"သိပါတယ်။ ကျွန်တော့်ကို မုန့်ဖိုးပေးစရာ မလိုပါဘူး။ လူအင်အားလေး စိုက်ပေးရုံပဲ။"

"ဒါဆို ငါက ဘာလုပ်ပေးရမှာလဲ။"

"ကျွန်တော့်ရည်းစားဟောင်းကို သိတယ်မလား။"

"မင်းရဲ့ရည်းစားတွေက ဒီလောက်အများကြီးကို ဘယ်တစ်ယောက်ကို ပြောနေမှန်း ငါက ဘယ်လိုလုပ်သိမှာလဲ။"

"ပြီးခဲ့တဲ့နှစ်က နောက်ဆုံးထားခဲ့တဲ့ ဖူးငုံဆိုတဲ့တစ်ယောက်လေ။ ပါးဖောင်းဖောင်းလေးနဲ့။"

အဲဒီကောင်မလေးရဲ့ပုံစံကို ကျွန်တော် မနည်းပုံဖော်ကြည့်လိုက်ရတယ်။

"ဪ... ဟိုကောင်မလေးလား။ မင်းနဲ့သာ လမ်းခွဲရရင် ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်ဆိုပြီး ပြောတဲ့တစ်ယောက်လေ။"

"ဟုတ်တယ်။ အဲဒီတစ်ယောက်။"

"ငါက ဘာလုပ်ပေးရမှာလဲ။"

"သူ့ကို ကျွန်တော့်ကိုယ်စား လမ်းခွဲစကား သွားပြောပေးရမှာ။"

သူ့စကားကို ကြားတော့ ပါးနှစ်ဖက်က ကျိန်းသွားလေရဲ့။ လမ်းခွဲရရင် သတ်သေမယ်လို့ ပြောခဲ့တဲ့ ကောင်မလေးဆီကို လမ်းခွဲစကား သွားပြောပေးရမယ်တဲ့။

အဲဒါကြီးက ကျားရှေ့မှာ အမဲသားတစ် သွားချပေးထားသလို ဖြစ်မနေဘူးလား။ မတတ်နိုင်တော့ဘူးလေ... ပါးနှစ်ဖက်ကို အရင်းပြုပြီး ပုလဲနဲ့ သွားတွေ့ရုံပဲ ရှိတော့တာ။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now