အခန်း ၃၆ (Chapter 36)

14.9K 1.8K 244
                                    

(Unicode Version)

ဒီတစ်လလုံးလုံး ငသစ်က ရှိုးပွဲအတွက် ကျင့်နေခဲ့ရတာမို့ မနက်ဆိုလည်း အစောကြီးသွားရပြီး ညဆိုလည်း မိုးချုပ်လောက်မှ ပြန်လာခဲ့လေသည်။ ကျွန်တော်က စာမေးပွဲအတွက် လုံးပန်းနေရပြီး သူနဲ့ မျက်နှာချင်းဆိုင်မိခြင်း မရှိလုနီးပါးပင်။ စနေ၊ တနင်္ဂနွေဆိုရင်လည်း သူက ရှိုးလျှောက်မယ့်နေရာမှာ သွားကျင့်နေရပြီး လွဲခဲ့ရပြန်သည်။ အမြဲတမ်း ကျွန်တော့်အနားမှာ ရစ်ဝဲနေတတ်တဲ့ သူ့ကို မမြင်ရတာကြောင့် ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေခဲ့လေသည်။ ဒီနေ့ သူ့ရှိုးပွဲအတွက် အားပေးဖို့ ကျွန်တော် စောစောစီးစီးအိပ်ရာထပြီး သူ နိုးလာမယ့်အချိန်ကို စောင့်ဖို့ စဉ်းစားထားခဲ့ပေမယ့် မွေ့ယာပေါ်က ထလိုက်ချိန်မှာ ငသစ်ဆီက အသံကို ကြားလိုက်ရတော့သည်။

"ဒယ်ဒီ...နိုးနေပြီလား!? အစောကြီးပဲ ရှိသေးတယ်လေ။"

"အာ...မင်းကို နှိူးလိုက်သလို ဖြစ်သွားပြီထင်တယ်။"

"ကျွန်တော်ကလည်း နိုးနေတာပါ။ ခဏပြန်မှေးပြီး ဇိမ်ယူနေတာ။"

မွေ့ယာပေါ်က ထ,ဖို့ ပြင်နေတဲ့ ခန္ဓာကိုယ်ကို ပြန်လှည့်ပြီး ငသစ်ရဲ့နဖူးကို ကျွန်တော် နမ်းလိုက်မိသည်။

"ဒီနေ့ အစစအရာရာ အဆင်ပြေပါစေ။ ပြီးတော့ ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ။"

ကျွန်တော့်အနမ်းကို ငသစ်က ပြုံးရွှင်စွာဖြင့် လက်ခံလိုက်လေသည်။

"ဒယ်ဒီ...ကျွန်တော် ရင်ခုန်နေတယ်။"

သူ ပြောချင်တဲ့အဓိပ္ပါယ်ကို သိပေမယ့် စချင်စိတ်နဲ့ ကျွန်တော် ပြောလိုက်တော့သည်။

"ရင်မခုန်ရင် သေသွားမှာပေါ့။"

"ဟာ...အဲဒါကို ပြောတာမဟုတ်ဘူးလေ။ ဒီနေ့အတွက် ကြိုပြီး ရင်ခုန်နေတယ်လို့ ပြောတာ။"

"လူတွေကြားထဲမှာ ရှိုးလျှောက်ရမှာဆိုတော့ ရင်ခုန်တယ်ဆိုတာ ဖြစ်သင့်ပါတယ်။"

"အဲဒါထက် ဒယ်ဒီနဲ့ မွေးနေ့ပွဲကျင်းပရမှာကို ပိုရင်ခုန်တာ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now