အခန်း ၇၁ (Chapter 71)

9.6K 1.2K 157
                                    

(Unicode Version)


ဒီနေ့ စုံစမ်းရေးစတင်ရမယ့်နေ့မို့ ကျွန်တော်နဲ့ 'ဝသန်'လည်း ညနေ(၃)နာရီမှာ ကလပ်ဆီသို့ ထွက်ခွာခဲ့ကြသည်။ ဒီနေ့ ကလပ်အပေါက်ဝမှာ စောင့်နေသူက 'ပန်းဝတ်ရည်'နဲ့တွေ့ဖူးသူတော့ မဟုတ်ခဲ့ပေ။ ဒါပေမဲ့ သဲလွန်စရရှိလေမလားဆိုတဲ့စိတ်နဲ့ ကျွန်တော် သွားမေးဖြစ်ခဲ့သည်။

"ဟို...တစ်ခုလောက် မေးချင်လို့ပါ‌။"

"ဘာများလဲခင်ဗျ!?"

"ပန်းဝတ်ရည်ဆိုတဲ့သူကို သိလား!?"

"ပန်းဝတ်ရည်!? မသိပါဘူးခင်ဗျ။"

"သူက ဒီကလပ်ကို ခဏခဏလာတတ်တယ် ထင်တယ်။ ညာဘက်မျက်လုံးအောက်နားမှာ မှဲ့ရှိတဲ့ ကောင်မလေးလေ။"

"ဒီမှာက အလှည့်ကျစောင့်ရတာဆိုတော့ သူ လာတဲ့နေ့မှာ ကျွန်တော်က အထဲရောက်နေရတာမျိုးလည်း ဖြစ်နိုင်လို့ပါ။ အစ်ကို ပြောတဲ့သူကိုတော့ ကျွန်တော် လုံးဝမသိပါဘူး။"

"သူ့ကို သိတဲ့တစ်ယောက်တော့ရှိတယ်။ သူနဲ့ရော စကားပြောကြည့်လို့ ရမလား!?"

"သူ့နာမည်ကို သိပါသလားခင်ဗျ!?"

"သူ့နာမည်ကိုတော့ မသိဘူး။ ဒါပေမဲ့ အရပ်ရှည်ရှည် အသားညိုညို၊ ဆံပင်စည်းထားတဲ့ကောင်လေးလေ။"

"ဪ...သူက လင်းမြတ်ပဲ။"

"အဲ့တစ်ယောက်နဲ့ ခဏတွေ့လို့ရမလား!?"

"သူက နေမကောင်းလို့ ခွင့်ယူထားတာ။ သုံးရက်လောက်နားမယ်လို့ ပြောတယ်။ မနေ့က ခွင့်စ,ယူထားတာ။"

"သူ့အိမ်လိပ်စာကို ညီလေး သိလား!?"

"မန်နေဂျာကတော့ သိလိမ့်မယ်။ ကျွန်တော် အစ်ကိုတို့ကို ခေါ်သွားပေးပါ့မယ်။"

"ကျေးဇူးပါပဲကွာ။"

ထိုကောင်လေးရဲ့အကူအညီနဲ့ ကျွန်တော်တို့လည်း မန်နေဂျာကို တွေ့ခွင့်ရခဲ့လေသည်။

"လင်းမြတ်နဲ့ ပြဿနာဖြစ်ထားလို့လား!?"

"မဟုတ်ပါဘူးခင်ဗျ။ သူနဲ့သိတဲ့တစ်ယောက်ကို ရှာချင်လို့ပါ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now