အခန်း ၁၅ (Chapter 15)

17.4K 2K 183
                                    

(Unicode Version)


စာမေးပွဲပြီး နောက်တစ်နေ့တွင်-

တစ်နှစ်ပတ်လုံး ကျွန်တော်တို့ကို စိတ်ပူပန်စေခဲ့တဲ့ ဆယ်တန်းစာမေးပွဲကြီးက အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့လေပြီ။ ငသစ်ကလည်း ကျွန်တော့်နည်းတူ ဖြေဆိုနိုင်ခဲ့တာမို့ အောင်စာရင်းအတွက် စိတ်ပူပန်စရာ မလိုတော့ပေ။ တက္ကသိုလ်ရောက်ရင် ပြန်တွေ့ရဖို့ မသေချာတဲ့ သူငယ်ချင်းတွေမို့ နှုတ်ဆက်တဲ့အနေနဲ့ 'ဟိန်းဇော်'ရဲ့မိဘနှစ်ပါး လိုက်ပို့ပေးတဲ့ ကျိုက်ထီးရိုး ဘုရားဖူးခရီးမှာ ကျွန်တော်တို့ လိုက်ပါလာခဲ့ကြ‌လေသည်။ စင်းလုံးဌားထားတဲ့ ဘုရားဖူးကားက နံနက်(၄)နာရီခွဲမှာ ရန်ကုန်ကနေ စ,ထွက်ခွါလာခဲ့‌တော့သည်။

"ရော့...သီချင်းလေး နားထောင်ပြီး ကားစီးရတာ အရမ်းမိုက်တယ်နားထောင်ကြည့်..."

ငသစ်က နားကြပ်တစ်ဖက်ကို ကျွန်တော့်ကို ပေးပြီး နားထောင်ခိုင်းခဲ့လေသည်။ သီချင်းကို နားကြပ်နဲ့ နားထောင်လေ့မရှိတဲ့သူမို့ စမ်းပြီး နားထောင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့မိသည်။ ပျံ့လွင့်လာတဲ့ သီချင်းသံကို နားဆင်ရင်းနဲ့ ပြတင်းပေါက်ဘက်ကို ငေးကြည့်နေချိန်မှာ ငသစ်က ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်လေသည်။

"ဘယ်လိုလဲ!? နားထောင်လို့ ကောင်းတယ်မလား!?"

"အင်း..."

ခရီးထွက်နေရတဲ့ ခံစားချက်ကြောင့်ပဲလား!? ဒီသီချင်းကြောင့်ပဲလား!? ဒါမှမဟုတ် ကျွန်တော့်လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ ငသစ်ကြောင့်ပဲလား...ဆိုတာ သေချာမသိရပေမယ့် ရင်ထဲမှာ နိမ့်လိုက်၊ မြင့်လိုက်နဲ့ ခံစားနေရတာတော့ အမှန်ပင်။ ထူးဆန်းတာက ဒီလိုခံစားချက်မျိုးကို ကျွန်တော် ခုံမင်နေမိခြင်းသာ ဖြစ်သည်။

"သီချင်းတွေကို နားထောင်ရင်းနဲ့ ကိုယ် ချစ်တဲ့သူကို သတိရလာတတ်တယ်တဲ့။ ဒယ်ဒီ... အခု ဘယ်သူ့ကို သတိရနေလဲဟင်!?"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now