အခန်း ၂၇ (Chapter 27)

14.7K 1.9K 329
                                    

(Unicode Version)


သင်တန်းသွားဖို့အတွက် အဝတ်အစားရွေးနေတဲ့ ငသစ်ကို လှမ်းကြည့်ပြီး ကျွန်တော့်စိတ်ထဲ အလိုမကျဖြစ်နေမိသည်။ ပူပန်ခြင်းကင်းတဲ့ ငသစ်ကတော့ သူ့နောက်ကနေ စူးစိုက်ကြည့်နေတဲ့ ကျွန်တော့်ကို မမြင်နိုင်ဘဲ သီချင်းလေးညည်းရင်း ပျော်‌ရွှင်နေပုံပင်။

"ငသစ်..."

ခေါ်သံကြောင့် နောက်ကို လှည့်ကြည့်လာတဲ့ ငသစ်ရဲ့မျက်နှာက ပကတိရွှင်လန်းနေခဲ့လေသည်။

"ဘာဖြစ်လို့လဲ...ဒယ်ဒီ!?"

"မင်းဆရာမမှာ အိမ်ထောင်ရှိလား!?"

"ဆရာမက အပျိုကြီးပါ။"

"သူ့မှာ ရည်းစားတွေ ဘာတွေရော မရှိဘူးလား!?"

"အဲဒါတော့ ပြောသံ မကြားဖူးဘူး။ ဘာဖြစ်လို့လဲ!?"

"သိချင်လို့ပါ။ သူက မင်းကိုတော့ အရမ်းခင်တဲ့ပုံပဲနော်။"

"ဟုတ်တယ်။ သင်တန်းသားတွေထဲမှာ ကျွန်တော့်ကို ဦးစားအပေးဆုံးပဲ။ ရှိုးပွဲထဲတောင် ကျန်တဲ့သင်တန်းသားတွေ ပါရတာ မဟုတ်ဘူး။ ကျွန်တော့်ကိုပဲ ရွေးခေါ်သွားတာ။"

ငသစ်ရဲ့စကားက ကျွန်တော့်ရင်ထဲက မီးကို ဓာတ်ဆီလောင်းပေးလိုက်သလိုပင်။

"သင်တန်းကို အပြင်လူရော လာလည်လို့ရလား!?"

"ဘယ်သူမှတော့ လာမလည်ဖူးဘူး။ လာလို့တော့ ရမယ်ထင်တာပဲ။ ဒယ်ဒီက လာလည်ချင်လို့လား!?"

"အင်း...ဘာတွေ သင်ပေးတာလဲဆိုတာ သိချင်လို့။"

"ကျွန်တော့်ဆီ တကယ်လာချင်တာလား!?"

"မင်းဆီကို မဟုတ်ပါဘူး။ သင်တန်းကိုပါ။"

"အတူတူပဲဟာ...ကြားရက်တွေက လည်လို့ အဆင်မပြေလောက်ဘူး။ လူတွေများတော့ ဒယ်ဒီ နေရခက်နေလိမ့်မယ်။ အချိန်ပိုခေါ်တဲ့ ပိတ်ရက်တွေဆို လူရှင်းတယ်။ အဲ့နေ့ကျရင် ဒယ်ဒီလိုက်လာမယ်ဆိုတာ ဆရာမကိုလည်း ကျွန်တော် ကြိုပြောပေးထားမယ်။"

ငသစ်က ကျွန်တော့်ပခုံးကို ဖက်ရင်းနဲ့ ပြောလိုက်လေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now