အခန်း ၃၇ (Chapter 37)

14.7K 1.6K 90
                                    

(Unicode Version)


နံနက်ပိုင်းသို့ ရောက်ချိန်မှာ အအေးဓာတ်က စိမ့်ဝင်လာပြီမို့ ကျွန်တော့်ကို ဖက်တွယ်ထားတဲ့ ငသစ်ရဲ့လက်ကို အသာအယာဖယ်ရင်းနဲ့ ခေါင်းရင်းဘက်က စောင်ကို လှမ်းယူလိုက်ရတော့သည်။ ခန္ဓာကိုယ်ကို စောင်နဲ့ လွှမ်းခြုံဖို့ ကြိုးစားရင်းနဲ့ ငသစ်ကို ကြည့်လိုက်မိသည်။ 'ဒီလိုမျိုးလေး အိပ်နေတော့လည်း အေး‌ချမ်းနေတာပဲ။ နိုးလာတာနဲ့ ပေါက်ကရတွေကို စပြောတော့မှာ။' တွေးကြည့်ရင်းနဲ့ သူ့ပါးလေးကို ကျွန်တော် ကိုင်ကြည့်လိုက်မိတော့သည်။

"ဒီကောင်လေး ချစ်ဖို့ကောင်းသားပဲ။"

စောင်ကို သူ့ခန္ဓာကိုယ်ပေါ်မှာ မျှခြုံပေးလိုက်ပြီး ကျွန်တော် ပြန်လှဲဖို့ ကြိုးစားနေချိန်မှာ ငသစ်က နိုးလာလေသည်။

"ဘာလို့ အစောကြီးနိုးနေတာလဲ!?"

"အေးလို့ စောင်ထခြုံတာ။ ခဏလောက် ပြန်အိပ်လိုက်ဦးမယ်။"

"ဒယ်ဒီ အေးမှာစိုးလို့ တဲကို ဇစ်ပိတ်ပေးထားတယ်။ အရမ်းချမ်းနေသေးလားဟင်!?"

"ရတယ်...စောင်ခြုံထားရင် နွေးသွားမှာပါ။"

ငသစ်က စောင်ကို ကျွန်တော့်ဘက်များများရောက်အောင် ပို့ပေးလိုက်တော့သည်။

"အေးနေတယ်လေ...မင်းလည်း ခြုံထား။"

"ကျွန်တော်က ဒယ်ဒီ့ကို ဖက်ထားရရင် နွေးသွားပြီလေ။"

ငသစ်က ပြောပြီးပြီးချင်းမှာပဲ ကျွန်တော့်ကို ပွေ့ဖက်ထားလိုက်လေသည်။ စောင်ခြုံထားပြီး လူငွေ့လည်းရလိုက်တာမို့ နွေးထွေးသွားသလိုပင်။

"ဒယ်ဒီ..."

"ဘာလဲ!?"

"ကျွန်တော်တို့ ဒီနေ့တစ်ရက်တော့ အိမ်မပြန်သေးဘဲနဲ့ ဒီမှာပဲ ဆက်နေကြရအောင်။"

"မေမေက စိတ်ပူနေလိမ့်မယ်။"

"ကျွန်တော် ဖွားဖွားဆီ ဖုန်းလှမ်းဆက်ပေးပါ့မယ်။ မနက်ဖြန်ကျရင် လေ့ကျင့်ရေးစ,မှာဆိုတော့ ဒီနေ့ နှစ်ယောက်အတူတူနေချင်တယ်။ အိမ်မှာဆို မလွတ်လပ်ဘူးလေ။ အခန်းထဲမှာပဲ အောင်းနေရမှာ။ ကျွန်တော်နဲ့ အတူနေပေးပါနော်...နော်လို့။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now