Extra 4🌹🌹🌹

9K 966 115
                                    

(Unicode Version)


သူရိန်ကိုရဲ့ကိစ္စကို အန်တီ'မေရီ'ဆီမှာ ကျွန်တော် အပ်ထားခဲ့ပြီးပြီမို့ အလုပ်ထဲမှာ စိတ်နှစ်ထားရင်းနဲ့ ရက်အတော်ကြာမြင့်သွားခဲ့လေသည်။ ဒါပေမဲ့ မနေ့က ကျွန်တော့်ဆီကို ရောက်ရှိလာတဲ့ ဖိတ်စာတစ်စောင်ကြောင့် စိတ်မအေးနိုင်ဖြစ်ခဲ့ရပြန်သည်။

"ဆရာက လက်ထပ်ပွဲကို ဘာလို့ ချက်ချင်းကြီး ထ,လုပ်ရတာလဲ!? ဖိတ်စာကို မနေ့ညက လိုက်ဝေတယ်။ လက်ထပ်ပွဲက ဒီနေ့တဲ့။ သူ ဘာတွေကြံစည်နေတာလဲ!?"

မင်္ဂလာခန်းမရဲ့အပြင်ဘက်မှာ မတ်တပ်ရပ်ပြီး ဆက်တိုက်မေးနေမိတဲ့ ကျွန်တော့်ကို ငသစ်က အဖြေမပေးနိုင်ခဲ့ပေ။

"သူရိန်ကို နှောင့်ယှက်လို့မရအောင် တမင်လုပ်လိုက်တာများလား!?"

"အန်တီမေရီဆီကို ဖုန်းဆက်ပြီး သူရိန်ကိုရဲ့အခြေအနေကို လှမ်းမေးကြည့်လိုက်ပါလား...ဒယ်ဒီ!? သူ လက်လျှော့သွားပြီဆိုရင်တော့ ဆရာတို့အတွက် ကောင်းတာပေါ့။"

"ငါလည်း မနေ့ညကတည်းက ဖုန်းဆက်နေတာပဲ။ ဒါပေမဲ့ အန်တီမေရီက ဖုန်းမကိုင်ဘူး။"

မတတ်နိုင်တဲ့အဆုံး နောက်ဆုံးတစ်ခေါက်အနေနဲ့ ကျွန်တော် ဖုန်းထပ်ခေါ်ကြည့်ဖို့ ကြိုးစားလိုက်ရတော့သည်။ ထိုအခါကျမှ ဖုန်းက ဝင်သွားခဲ့လေသည်။

"ဟယ်လို...အန်တီမေရီပါလားခင်ဗျ!?"

"ဟုတ်ပါတယ်။"

"သားက လပြည့်မှူးပါ။ အန်တီ့ဆီကို ဖုန်းဆက်နေတာ မရလို့။"

"ဪ...အန်တီက အခုမှ ဂျပန်ကနေ ပြန်ရောက်လာတာ။"

"အခုတ‌လော သူရိန်ကို ဘာတွေလုပ်နေလဲဆိုတာ အန်တီ သိထားသေးလား!?"

"သူ ဂျပန်သွားလို့ အန်တီက ဝသန်တို့နှစ်ယောက်ကို အဖော်ခေါ်ပြီး နောက်ယောင်ခံလိုက်သွားတာ။ အခုလည်း လေယာဉ်တစ်စီးတည်းနဲ့ပဲ အတူပြန်လာခဲ့ကြတာလေ။"

"အန်တီနဲ့ သူက တွေ့ပြီးကြပြီလား!?"

"သူနဲ့ သူရိန်ညီ ဂျပန်ကို ခရီးထွက်ကတည်းက အန်တီနဲ့ တွေ့ပြီးပြီ။ အန်တီက ဂျပန်လူမျိုးဟန်ဆောင်ပြီး သူနဲ့ စကားပြောခဲ့တာ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now