အခန်း ၁၃ (Chapter 13)

16K 2.1K 126
                                    

(Unicode Version)


ဆယ်တန်းစာမေးပွဲကလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာပြီမို့ ကျွန်တော်တို့နှစ်ဦး ကျူရှင်မှာသာ အချိန်ကုန်နေခဲ့ရလေသည်။ ညဘက် အိပ်ချိန်လေးတစ်ခုပဲ အိမ်ကို ပြန်ခွင့်ရှိပြီး မေမေတို့နဲ့ စကားပြောချိန်ပင် မရှိခဲ့ပေ။

"လပြည့်မှူးနဲ့ လဝန်းသစ်..."

ဆရာ့ခေါ်သံကြောင့် ငသစ်နဲ့အတူ စာကျက်နေရင်းက မော့ကြည့်လိုက်မိသည်။

"ဟုတ်ကဲ့...ဆရာ။"

"ဒီနေ့ကစ,ပြီး ကျူရှင်မှာပဲ အိပ်လိုက်တော့။ ညကျရင် မင်းတို့စာကျက်တာကို ငါ စောင့်ပေးလို့ ရတယ်။"

"ဟုတ်ကဲ့။"

ဆရာ ထွက်သွားချိန်မှာ ကျွန်တော်တို့နှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်းချလိုက်မိတော့သည်။

"လွတ်လပ်ခွင့်လေးကတော့ ရေစုန်မျောသွားပြီ။ ရက်စက်လိုက်တာ...ဆရာရယ်။"

စာရေးခုံပေါ် ခေါင်းမှောက်ထားရင်း ငြီးငြူနေတဲ့ ငသစ်ကို ကြည့်ပြီး ကျွန်တော် ပြုံးလိုက်မိသည်။

"ဟေ့ကောင်...ကျောင်းသားပဲ... စာလုပ်ရမှာပေါ့။ စာမေးပွဲကဖြင့် ဖင်နားကပ်နေပြီ။ မင်းက အပျင်းတစ်,ချင်သေးတာလား!?"

ခေါင်းမှောက်ထားတဲ့ ငသစ်က ကျွန်တော့်ကို မော့ကြည့်ပြီး ပြောခဲ့လေသည်။

"ဒီလောကကြီးမှာ ဒယ်ဒီ မသိသေးတာတွေ အများကြီး ရှိတယ်။ ကြိုးစားချင်စိတ်တွေ ပေါ်လာအောင်လို့ ပံ့ပိုးပေးရမယ့် ဗီတာမင်ဆိုတာ လိုအပ်တယ်လေ။"

"ဗီတာမင်များ ဆေးသောက်ရင် ရလာမှာပဲ။ ကြီးကြီးကျယ်ကျယ်တွေ လာလုပ်မနေနဲ့။"

"ကျွန်တော့်အတွက် လိုအပ်တဲ့ ဗီတာမင်က ဆေးကနေ ရတာမျိုး မဟုတ်ဘူး။ သဘာဝက ရတာ။"

ငသစ်ရဲ့စကားတွေကို နားထောင်ရင်း ရူးချင်စိတ် ပေါက်လာသလိုပင်။

"စကားကို လူလိုပြောစမ်း...ငသစ်။ ဘာစားချင်တာ ရှိလို့လဲ!? မေမေ့ကို လှမ်းမှာပေးလို့ ရတယ်။ မူးနောက်နေအောင် ပြောပြီး ငါ့ကို လာရစ်မနေနဲ့။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now