အခန်း ၆၃ (Chapter 63)

9.5K 1.2K 188
                                    

(Unicode Version)


တစ်ပတ်ခန့်ကြာပြီးနောက်-

'မဒေလီယာ'တို့က အကြောင်းအရင်းကို လုံးဝမမေးဘဲ ကျွန်တော် စိတ်ချမ်းသာသလို နေခွင့်ပေးထားခဲ့ပေမယ့် စိတ်ကတော့ ငသစ်ဆီကိုသာ ရောက်ရှိနေခဲ့လေသည်။

"သူ အစားကို အချိန်မှန်စားရဲ့လား မသိဘူး။  အလုပ်တွေရော ပုံမှန်လုပ်နိုင်ပါ့မလား!?"

"သိချင်ရင် မင်းအိမ်ကို ဖုန်းလှမ်းဆက်ကြည့်လိုက်ပေါ့။"

"ဖုန်းဆက်လိုက်ရင် ဒီရောက်နေမှန်း သိသွားကြမှာပေါ့။"

"သူ အလုပ်မဖျက်ထားဘူးလို့ တီလေးက ငါ့ကို ပြောတယ်။ ကျန်တာတော့ ငါ မသိဘူး။"

"မင်းအနေနဲ့ လှမ်းမေးကြည့်ပေးပါလား!?"

"ဟာ...မမေးချင်ပါဘူး။"

"ဘာဖြစ်လို့လဲ!?"

"သူ့အသံ ကြားလိုက်တာနဲ့ စကားအကောင်း ပြောချင်စိတ် မရှိတော့တာ။"

"မင်းကလည်း..."

"ငါ့ကို လာ‌ပြောမနေနဲ့။ မင်းအမေဆီကို ဖုန်းလှမ်းဆက်သင့်တယ်။ ဘယ်ရောက်နေလဲလို့ အကြောင်းကြားထားမှ စိတ်ချလက်ချနေနိုင်မှာပေါ့။"

"မေမေ သိသွားရင် သူလည်း သေချာပေါက် သိသွားလိမ့်မယ်။ သူက အရမ်းလည်တာ။"

"မသိတော့ဘူးကွာ။ မင်းတို့ လင်မယားကြား ဝင်ပါရတာ အာရုံနောက်တယ်။"

ပြောနေရင်းနဲ့ ထွက်သွားဖို့ ပြင်နေတဲ့ 'ဝသန်' ကို ကျွန်တော် လှမ်းမေးလိုက်မိသည်။

"မင်းက ဘယ်သွားမလို့လဲ!?"

"ငါ့အသည်းနှလုံးလေးနဲ့ ချိန်းထားတယ်။"

"အဆင်ပြေပြေလည်း နေကြဦး။"

"စိတ်ချစမ်းပါ။ မင်းရော စာသင်မသွားရဘူးလား!?"

"ဒီနေ့က ပိတ်ရက်လေ။"

"ဒါဆို အိမ်မှာ ငြိမ်ငြိမ်‌လေး နေခဲ့ပေ‌တော့။"

"ခဏလေး...သူက ဘယ်မှာရိုက်ကူးရေးလုပ်နေတာလဲ!?"

"အင်းလျားဘက်မှာလို့ ကြားတာပဲ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now