အခန်း ၁၄ (Chapter 14)

15.7K 2K 120
                                    

(Unicode Version)


မနေ့က ကျူရှင်မှာ တစ်ညအိပ်ခဲ့ရပြီး နံနက် (၇)နာရီမှာ ကျွန်တော်တို့ ထခဲ့ရလေသည်။ အိပ်ရာအပြောင်းအရွှေ့ကြောင့် အိပ်မပျော်တဲ့အပြင် ငသစ်က မလွှတ်တမ်းဖက်ထားခဲ့တာမို့ ညက ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ။

"ဒယ်ဒီ ညက အိပ်မပျော်ဘူးမလား!?"

သွားတိုက်နေရင်း လှမ်းပြောလိုက်တဲ့ ငသစ်ကို ကျွန်တော် တုံ့ပြန်ခြင်းမပြုဘဲ ငြိမ်နေခဲ့မိသည်။

"ဒယ်ဒီ... ဘာဖြစ်နေတာလဲ!? နေမကောင်းဘူးလား!?"

ကျွန်တော့်ခန္ဓာကိုယ်က နုံးချိပြီး ဘာကိုမှ လုပ်ချင်စိတ်မရှိသလို ခံစားနေရလေသည်။ ထိုအချိန်မှာပင် ငသစ်က ကျွန်တော့်နဖူးကို လာစမ်းကြည့်လိုက်တော့သည်။

"ကိုယ်တွေ ပူနေတာပဲ။ ကျွန်တော့်ကို ဘာလို့ မပြောတာလဲ!?"

"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။ နေလို့ ရပါသေးတယ်။"

"ဟာ...ဘယ်ဖြစ်ပါ့မလဲ!? ဆရာ့ကို ပြောပြပြီး နားခိုင်းရမှာပေါ့။"

ကျွန်တော့်တားမြစ်မှုကို ငသစ်က လက်မခံဘဲ ဆရာ့ကို အမြန်သွားခေါ်လေသည်။

"နေလို့ မကောင်းဘူးဆို။ ဖျားနေတာလား!?"

ဆရာက ကျွန်တော့်နဖူးကို လာစမ်းကြည့်ပြီး ဆေးခန်းသွားပြဖို့ တိုက်တွန်းခဲ့သည်။

"ဆေးခန်းသွားပြဖို့ မင်းအိမ်က လူကြီးတွေကို ဆရာ ဖုန်းလှမ်းဆက်ပေးလိုက်မယ်။"

အိမ်မှာ မေမေပဲ ရှိတာမို့ ကျွန်တော့်အတွက် စိတ်ပူရတာမျိုး မဖြစ်စေချင်ပေ။

"ဆရာ...ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ဆေးသောက်လိုက်ရင် အဆင်ပြေသွားမှာပါ။"

"‌စာမေးပွဲက နီးနေပြီ။ ကျန်းမာရေးကောင်းဖို့ကို ပိုဂရုစိုက်ရမှာပေါ့။ ဆေးခန်းသွားပြပြီး မြန်မြန်ပျောက်အောင် လုပ်တာ အကောင်းဆုံးပဲ။"

ဆရာ့ကို ကျွန်တော် ပြန်ငြင်းဆန်ဖို့ ကြိုးစားနေချိန်မှာ ငသစ်က ဝင်ပြောလိုက်လေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now