အခန်း ၆၁ (Chapter 61)

9.4K 1.2K 201
                                    

(Unicode Version)


ဒီရက်အတွင်းမှာ ကျွန်တော် အလုပ်ရှာရင်းနဲ့ အချိန်ကုန်ဆုံးခဲ့မိသည်။ ကျွန်တော့်လိုလူမျိုးအတွက် အသင့်တော်ဆုံးအလုပ်က 'ဝသန်'နဲ့တုန်းကလို အချိန်ပိုင်းစာပြခြင်းပဲမို့ စာသင်ဖို့လူကို အင်တာနက်ကနေတဆင့် လိုက်ရှာခဲ့ရတော့သည်။ ဇန်နဝါရီလလည်း ကုန်ခါနီးပြီမို့ တက္ကသိုလ်ဝင်စာမေးပွဲတွေက နီးကပ်လာပြီး အနီးကပ်စာပြပေးနိုင်သူတွေကို အပူတပြင်း ရှာဖွေနေကြခြင်းက ကျွန်တော့်အတွက်တော့ အခွင့်‌အရေးကောင်းတစ်ရပ် ဖြစ်သွားခဲ့လေသည်။ စာသင်ပေးဖို့ ကလေး(၅)ယောက်ကို ရှာတွေ့ထားပြီး ထိုဝင်ငွေနဲ့ ငသစ်ဆီက ချေးထားတဲ့ငွေကို ပြန်ဆပ်ဖို့ ရည်ရွယ်ထားလိုက်တော့သည်။

"သား...စာသင်ပေးရတာ အဆင်ရော ပြေပါ့မလား!?"

"ပြေပါတယ်...မေမေရဲ့။ သင်ပေးရမှာလည်း ဒီ(၂)လလောက်ပါပဲ။"

"အေးပါကွယ်။ သား အဆင်ပြေရင် ရပါပြီ။ ဒါပေမဲ့ ဘာလို့ ပိုက်ဆံရှာနေတာလဲဆိုတာကို မပြောပြချင်ဘူးလား!?"

"သူငယ်ချင်းရဲ့အမေက သားအိမ်ကင်ဆာနဲ့ အိပ်ရာထဲ လဲနေတယ်။ အဲ့အတွက် ဆေးကုပေးဖို့လည်း ငွေကြေးအခက်အခဲဖြစ်နေတာနဲ့ သားက တစ်ဖက်တစ်လမ်းက ကူညီပေးဖို့ သူ့ကို ကတိပေးထားလို့ပါ။"

"ကောင်းတယ်...သား။ လူအချင်းချင်း ကူညီရိုင်းပင်းပေးတာက ကုသိုလ်ရပါတယ်။ သား လိုအပ်ရင် မေမေ့ဆီကနေ လာယူလို့ ရတယ်နော်။"

"သား ရှာထားတဲ့ဝင်ငွေနဲ့ သူတို့ကိုထောက်ပံ့ပေးချင်လို့ပါ။"

"သာဓုကွယ်...သာဓု...သာဓု...စိတ်ထားတတ်ရင် မြတ်ပါတယ်။"

"သား စာသင်သွားတော့မယ်နော်။"

မေမေ့ကို မလိမ်ညာချင်ပေမယ့် ပြောပြလို့ မဖြစ်တဲ့ အခြေအနေတွေ‌က ရှိနေခဲ့ပြန်သည်။ စာသွားသင်ဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ကျွန်တော် အိမ်ကနေ စောစောထွက်လာခဲ့ပြီး 'နီလာသွယ်'ရဲ့အိမ်နားကို ရောက်ရှိခဲ့လေသည်။ သူမက ခိုင်းစေသူကို ဖွင့်မပြော‌ပြပေမယ့် ထိုလူက သူမဆီကို လာတွေ့မှာ သေချာနေတာမို့ ကျွန်တော် အမြဲလာစောင့်ကြည့်နေဖို့ ဆုံးဖြတ်ထားခဲ့မိသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now