အခန်း ၁၇ (Chapter 17)

16.2K 2K 193
                                    

(Unicode Version)


တက္ကသိုလ်ကို စ,တက်ရမယ့် ပထမဆုံးနေ့မို့ ကျွန်တော့်ရဲ့အုပ်ထိန်းသူ ငသစ်က ကျောင်းကို လိုက်ပို့ပေးခဲ့လေသည်။

"နောက်နေ့ ကျောင်းသွားရင် မံမီလိုမျိုး တစ်ကိုယ်လုံး စည်းပေးလိုက်မယ်။"

လမ်းလျှောက်နေရင်းနဲ့ ငသစ်က  လှမ်းပြောလိုက်လေသည်။

"ဘာဖြစ်ရပြန်ပြီလဲ!?"

"ပြောပြလည်း နားလည်မှာမှ မဟုတ်တာ။"

စကားပြောပုံကိုက နားရင်းပိတ်တီးချင်စရာ ကောင်းနေတတ်တာမျိုးပါ။

"မင်းတို့ကတော့ သာယာတာပေါ့။ ကျောင်းသွားတက်စရာ မလိုဘဲနဲ့ အေးဆေးနေလို့ရတယ်။"

"ကျောင်းပြောင်းလာချင်တယ်ဆိုရင် မှီသေးတယ်နော်။"

"ဘာလို့ ပြောင်းရမှာလဲ!?"

"ကျွန်တော်နဲ့ မခွဲနိုင်မှာ စိုးလို့လေ။"

"မှတ်တောင် ထားရဦးမယ်။"

"အင်း...မှတ်ထားလိုက်။"

ကျွန်တော်တို့နှစ်ဦး စကားပြောပြီး လျှောက်လာရင်းနဲ့ စာသင်ခန်းရှိရာဆီကို ရောက်လာခဲ့တော့သည်။

"ရှေ့ဆုံးတန်းမှာပဲ ထိုင်။"

အနောက်တန်းကို ဦးတည်နေတဲ့ ကျွန်တော့်ခြေလှမ်းတွေက ငသစ်ကြောင့် ရပ်တန့်သွားရလေသည်။

"ရှေ့တန်းက မိန်းကလေးတွေ ထိုင်မှာလေ။"

"တက္ကသိုလ်မှာ ကိုယ် ကြိုက်တဲ့နေရာ ထိုင်လို့ ရပါတယ်။ နောက်တန်းမှာက စာမလုပ်တဲ့သူတွေ အထိုင်များတော့ သူတို့ ဆူညံနေရင် ဒယ်ဒီပဲ အဆင်မပြေ ဖြစ်နေရမှာ။"

ငသစ်ပြောတာက ဖြစ်နိုင်ချေရှိတာမို့ အရှေ့တန်းမှာသာ ထိုင်လိုက်မိသည်။ ခဏအကြာမှာ အခန်းထဲကို ကျောင်းသား၊ ကျောင်းသူတွေ တဖွဲဖွဲ ဝင်ရောက်လာကြတော့သည်။ ဒါပေမဲ့ အားလုံးက ကျွန်တော့်ကို ထူးဆန်းနေသလို ကြည့်ပြီး ရယ်သွားကြလေသည်။

"ငသစ်...ငါ့မျက်နှာမှာ ဘာပေနေလို့လဲ!?"

ငသစ်က ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး ပြန်ဖြေခဲ့သည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now