အခန်း ၂၁ (Chapter 21)

15K 1.9K 110
                                    

(Unicode Version)


စကားပြောစရာလူမရှိတဲ့ ကျွန်တော့်အတွက် ကျောင်းကို လာနေရခြင်းက ဝဋ်ဒုက္ခတစ်ခုလိုပင်။ အနီးပတ်ဝန်းကျင်တစ်ခုလုံးကို စောင်းငဲ့ကြည့်မိချိန်မှာ ပျော်ရွှင်စွာ စကားပြောရင်းနဲ့ လျှောက်လာကြသူတွေကို အမြောက်အမြား တွေ့လိုက်ရလေသည်။

"လပြည့်မှူး..."

ကျွန်တော့်နာမည်ကို ထူးထူးခြားခြား ခေါ်သံကြားလိုက်တာမို့ အနောက်ကို လှည့်ကြည့်မိချိန်မှာ မြင်ဖူးနေသလိုရှိတဲ့ မျက်နှာတစ်ခုကို တွေ့ခဲ့ရတော့သည်။

"ငါ့ကို မမှတ်မိဘူးလား!?"

မြင်ဖူးတာကလွဲရင် ဘာမှမသိတဲ့ ကျွန်တော့်အတွက် ထိုမေးခွန်းက အဖြေရခက်နေခဲ့လေသည်။ ကျွန်တော့်အခြေအနေကို သတိထားမိသွားတဲ့ သူမက သဲလွန်စပေးခဲ့ရပြန်သည်။

"ကိုးတန်းစာမေးပွဲဖြေတုန်းက နင့်‌ဆီက စာမေးခဲ့တဲ့တစ်ယောက်လေ။"

"ဪ...အဲဒါ နင်လား!?"

ထိုအချိန်တုန်းက သနပ်ခါးပါးကွက်ကြားနဲ့ ရိုးရိုးယဉ်ယဉ် ကျောင်းသူလေးက အခုတော့ မိတ်ကပ်ကို လှပသေသပ်စွာ ပြင်ဆင်ခြယ်သတတ်တဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်နေခဲ့လေပြီ။

"ဟုတ်တယ်။ ငါတို့ မတွေ့ဖြစ်တာတောင် ကြာပြီနော်။"

သူမက ငသစ်ကြောင့် ဒုက္ခရောက်ခဲ့ရတာကိုလည်း ကျွန်တော် ပြန်အမှတ်ရလာမိတော့သည်။ ငသစ်အစား တောင်းပန်မယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် ပျောက်ချင်းမလှ ပျောက်သွားခဲ့သူမို့ ကျွန်တော့်စိတ်ထဲ စနိုးစနောင့် ဖြစ်ခဲ့ရလေသည်။

"အဲ့စာမေးပွဲတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စအတွက် နင့်ကို ငါ တောင်းပန်ချင်နေတာ။"

သူမက ကျွန်တော့်စကားကြောင့် ပြုံးပြလိုက်တော့သည်။

"အဲ့ကိစ္စကို ငါ့ခေါင်းထဲကနေ ထုတ်ပစ်လိုက်တာ ကြာပါပြီ။ နင့်ကြောင့် ဖြစ်ရတာမှ မဟုတ်တာ။"

သူမ ပြောတာလည်း မမှားပေမယ့် ငသစ်ရဲ့ပြဿနာတိုင်းကို ကျွန်တော်နဲ့ ပတ်သက်နေသလို ယူဆထားတဲ့ စိတ်ကြောင့် တောင်းပန်နေမိခြင်း ဖြစ်သည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now