အခန်း ၃၃ (Chapter 33)

13.9K 1.7K 198
                                    

(Unicode Version)


ဒီနေ့က 'ဝသန်'ကို စာစ,သင်ရမယ့်နေ့မို့ စိတ်လှုပ်ရှားနေမိတာ အမှန်ပင်။ သူများကို စာပြပေးတာမျိုးက ကျွန်တော်နဲ့ စိမ်းမနေပေမယ့် စီးပွါးဖြစ်လုပ်ခဲ့တာမျိုး မဟုတ်ခဲ့ပေ။

"ကျွန်တော် မှာထားတာကို မမေ့နဲ့နော်။ သူနဲ့ ရောရောနှောနှော မနေနဲ့။"

"တိတ်တိတ်နေစမ်းပါကွာ။ ငါ့ဘာသာငါ ရင်တွေ တုန်နေရတဲ့ကြားထဲ မင်းကတစ်မျိုး။"

"ဘာလို့ ရင်တုန်နေတာလဲ!?"

"ဒီလိုမျိုး စာသင်ရတာက ငါ့အတွက် ပထမဆုံးအကြိမ်ပဲလေ။ လန့်တာပေါ့။"

ငသစ်က ကျွန်တော့်ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်းနဲ့ အားပေးစကားပြောလိုက်လေသည်။

"ကျွန်တော့်ကို သေချာကြည့်။"

သူ ပြောတဲ့အတိုင်း ကျွန်တော် သေချာလေးစိုက်ကြည့်လိုက်မိသည်။

"ကျွန်တော် ချောတယ်မလား!?"

ရွှတ်နောက်နောက်နဲ့ ပြောလိုက်တဲ့ ငသစ်ကို ကျွန်တော် ဆောင့်ကန်လိုက်မိတော့သည်။

"စတာ...စတာ။ ဒီတစ်ခါ အတည်ပြောမယ်။ သေချာလေး ပြန်ကြည့်ပေး။"

"ပြောစရာရှိတာ မြန်မြန်ပြော။"

"ကျွန်တော် တစ်နှစ်တစ်တန်း မှန်မှန်အောင်လာခဲ့တာ ဘယ်သူ့ကြောင့်လဲ!?"

"ငါ့ကြောင့်လေ။"

"ကျူရှင်တို့ ကျောင်းတို့မှာ စာမရတဲ့သူတွေကို ရှင်းပြပေးရတာကရော ဘယ်သူလဲ!?"

"ငါပဲလေ။"

"ပြီးတော့ ဒယ်ဒီက ဘယ်သူလဲ!?"

"ငါက ဘယ်သူဖြစ်ရမှာလဲ!?"

"ဟာ...ဒယ်ဒီက ကျွန်တော့်ရဲ့ဒယ်ဒီလေ။"

"အဲ့တော့ ဘာဖြစ်လဲ!?"

"ကျွန်တော့်လိုပဲ သတ္တိရှိရမှာပေါ့။ သူက ဘာမို့လို့လဲ!? ရိုက်လိုက်ရင် တစ်ချက်စာ‌လောက်ပဲရှိတဲ့ နှံပြီစုတ်လိုကောင်ပဲဟာ။"

ငသစ်ရဲ့စကားကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။

"သူ့ရှေ့မှာ အဲ့လိုမျိုး မပြုံးမိစေနဲ့။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now