အခန်း ၄၀ (Chapter 40)

14.6K 1.6K 210
                                    

(Unicode Version)


ဈေးကနေ ပြန်လာတဲ့ မေမေက အိမ်ရှေ့ခန်းမှာ တီဗီထိုင်ကြည့်နေတဲ့ ကျွန်တော်တို့နှစ်ဦးကို ရေးကြီးသုတ်ပျာ လှမ်းပြောလိုက်သည်။

"အခုတလော နိုင်ငံ‌ပေါင်းစုံမှာ ရောဂါပိုးတစ်မျိုးပျံ့နေတယ်လို့ ကြားတယ်။ အဲဒါကြောင့် သေတဲ့လူတွေလည်း မနည်းဘူးတဲ့။"

ကျွန်တော်လည်း ထိုသတင်းကို မနေ့တုန်းက တွေ့လိုက်မိတာမို့ ပြန်ဖြေပေးခဲ့ရလေသည်။

"ဟုတ်တယ်...မေမေ။ သားလည်း အဲ့ကိစ္စကို သတင်းမှာ တွေ့လိုက်တယ်။ Corona Virus လို့ ခေါ်တာလေ။ ဒီမှာတော့ အဲ့ပိုးကို မတွေ့ရသေးဘူးတဲ့။ မေမေလည်း တတ်နိုင်ရင် ဈေးကို မသွားပါနဲ့တော့။ တစ်ပတ်စာအတွက်ကို ကြိုဝယ်ထားတာမျိုး လုပ်ထားပေါ့။ မေမေနဲ့ အတူ သားလည်း ဈေးကိုလိုက်ပြီး ဝိုင်းသယ်ပေးပါ့မယ်။ ဒီမှာမဖြစ်သေးပေမယ့် ဂရုစိုက်သင့်တယ်။"

"ဂရုစိုက်ပြီး ကာကွယ်ထားတာက ပိုကောင်းတာပေါ့။ သားက အိမ်မှာပဲရှိနေတာဆိုတော့ တော်သေးတယ်။ သစ်သစ်လည်း အပြင်မှာ သွားလာတဲ့အခါ သတိထားဦးနော်။"

"ဟုတ်ကဲ့။"

ငသစ်က ထိုကိစ္စကို အလေးမထားတဲ့ပုံစံမျိုးဖြင့် ပြန်ဖြေလိုက်မှန်း ကျွန်တော် သတိထားမိခဲ့သည်။ ထိုကြောင့် မေမေ မီးဖိုခန်းထဲ ဝင်သွားချိန်မှာ ငသစ်ကို သတိပေးလိုက်ရလေသည်။

"ဒီကိစ္စကို ပေါ့ပေါ့လေးမတွေးနဲ့။ အိမ်မှာက မေမေ ရှိတယ်။ အဲဒါက လူတစ်ယောက်ပြီးတစ်ယောက် ကူးစက်တာ အရမ်းမြန်တယ်။ ငါတို့က ကိုယ်ခံအားကောင်းပေမယ့် မေမေ့ကို ကူးသွားရင် လွယ်မှာမဟုတ်ဘူး။"

သွေးသားအရင်းအချာဆိုလို့ ဒီတစ်ဦးတည်းသာ ရှိတော့တာမို့ မေမေ့ကို ကျွန်တော် ဘာအန္တရာယ်မှ မရှိစေချင်ပေ။ အချိန်တန်ရင် ခွဲရမှာကို နားလည်ထားပေမယ့် ထိုအချိန်လေးကို တတ်နိုင်သလောက် ရှည်စေချင်မိသည်။

"ကျွန်တော် ဂရုစိုက်ပါ့မယ်နော်။"

ကျွန်တော့်စိတ်ကို နားလည်သွားတဲ့ ငသစ်က လက်ကိုဆုပ်ကိုင်လိုက်ပြီး ပြောခဲ့လေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now