အခန်း ၄၈ (Chapter 48)

11.1K 1.4K 184
                                    

(Unicode Version)


'ဝသန်'နဲ့ ငသစ်ကို လုံးဝပေးမတွေ့ဘဲ ရှောင်ခိုင်းထားခြင်းက ကျွန်တော့်အတွက် ပြောရဆိုရ သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။ ဒါပေမဲ့ 'ဝသန်'ဆိုတဲ့ သတ္တဝါက ပြဿနာကို ရှာကြံဖန်တီးတတ်တာမို့ ကျွန်တော့်ဆီ Video Callခေါ်ပြီး မွှေလေတော့သည်။

"ပျင်းလိုက်တာ ကိုကိုရယ်... ဖုန်းသုံးရတာလည်း လက်တွေတောင် နာတယ်။ ဒီမှာ ကြည့်ပါဦး။"

သူ့ရဲ့ချွဲပျစ်ပျစ်စကားကြောင့် ငသစ်က အမြင်ကတ်ပြီး ဖုန်းကို လှမ်းကြည့်လိုက်ချိန်မှာ 'ဝသန်'က လက်ခလယ်ထောင်ပြလိုက်လေသည်။

"$@#*"

ငသစ်က ဆဲဆိုလေ၊ 'ဝသန်'က ကျေနပ်လေပဲမို့ ပြဿနာက သံသရာလည်‌နေခဲ့ပြန်သည်။

"တော်ပြီ...ငါ ဖုန်းပိတ်လိုက်တော့မယ်။"

"ခဏနေပါဦး...ကိုကိုရဲ့။ ဂိမ်းအတူတူဆော့ရအောင်။ ဝင်လာခဲ့ပါလား!?"

"ငါက ဂိမ်းမှ မဆော့တတ်တာ။"

"ကိုကို့ဘေးက ကောင်ကရော မဆော့တတ်ဘူးလား!?"

ထိုအချိန်မှာပင် 'ဝသန်'ရဲ့အထင်သေးမှုကို သည်းမခံနိုင်တဲ့ ငသစ်က ဝင်ပြောလိုက်လေသည်။

"ငါက ဘာလို့ မဆော့တတ်ရမှာလဲ!? မင်းလို Noobတွေကို စကားထဲတောင် ထည့်ပြောစရာမလိုဘူး။"

"မင်းက Rankဘယ်လောက်မို့လို့လဲ!?"

"Legendလေ။ ဘယ်လိုလဲ!? ကြောက်သွားပြီမလား!?"

"ဟား...ဟား...ဟား...ငါက Mythicမှာကွ။"

သူတို့နှစ်ယောက် ပြောနေတာတွေကို ကျွန်တော် လုံးဝနားမလည်ပေ။ ဒါပေမဲ့ ထုံးစံအတိုင်း ကိုယ်ရည်သွေးနေကြတယ်ဆိုတာကိုတော့ သေချာသိနေခဲ့သည်။

"မင်းက အားယားနေတဲ့ကောင်လေ။ ငါ့လို အလုပ်အကိုင်ရှိတဲ့သူနဲ့တော့ ဘယ်တူပါ့မလဲ!?"

"မနိုင်တာနဲ့ လျှောက်မဲမနေနဲ့။ မကျေနပ်ရင် Skillချင်း ယှဉ်ကြည့်လို့ ရတယ်။"

"ယှဉ်ဆိုတော့လည်း ယှဉ်တာပေါ့။ ဒါပေမဲ့ ကိုကို့ကိုလည်း အတူဆော့ခိုင်းရမယ်။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now