အခန်း ၇၃ (Chapter 73)

10.5K 1.2K 234
                                    

(Unicode Version)


ဒီနေ့ 'ပန်းဝတ်ရည်'ကို 'ဟိန်းဇော်'ဆီ ပြန်ပို့ဖို့ ကျွန်တော်တို့ စီစဉ်ခဲ့ရလေသည်။

"ဝသန်...သူ့ကို သေချာလိုက်ပို့ပေးလိုက်ပါ။"

'ဟိန်းဇော်'ရဲ့မျက်နှာကို မြင်ချင်စိတ်မရှိတာမို့ ဤသို့ အကူအညီတောင်းလိုက်ရခြင်းပင်။

"အေးပါကွာ...ငါ လိုက်ပို့ပေးလိုက်ပါ့မယ်။"

တစ်ညလုံး စကားမပြောခဲ့တဲ့ 'ပန်းဝတ်ရည်' က ထိုအခါကျမှ ကျွန်တော့်ကို ကျေးဇူးတင်ကြောင်း ပြောလိုက်တော့သည်။

"လပြည့်...ငါ နင့်ကို ကျေးဇူးတင်ပါတယ်။"

"ရပါတယ်...ကလေးကိုသာ သေချာဂရုစိုက်လိုက်ပါ။"

"ငါတို့ကြောင့် အခက်အခဲဖြစ်စေခဲ့ရလို့ စိတ်မကောင်းပါဘူး။ ပြီးတော့ သူ့ကို တရားမစွဲခဲ့တဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်။"

"နင်တို့သားအမိအတွက် ငါ သူ့ကို တရားမစွဲခဲ့တာပါ။ ဒါပေမဲ့ သူ့ကို ခွင့်လွှတ်ပေးနိုင်တာမျိုးတော့ မဟုတ်ဘူး။ အဲ့လိုသဘောထားနိုင်တဲ့အထိလည်း ငါက ခန္တီပါရမီမရင့်သန်သေးဘူး။"

"ငါ နားလည်ပါတယ်။ ငါတို့သားအမိကို ငဲ့ခဲ့ရတယ်ဆိုတာကိုရော...နင်တို့ ဘယ်လောက်ထိ သည်းခံပေးထားရလဲဆိုတာကိုရော..."

ပြောနေရင်းနဲ့ မျက်ရည်တွေဝဲလာတဲ့ သူမကို ကျွန်တော် နှစ်သိမ့်ပေးလိုက်မိသည်။

"ဒါတွေက နင့်ကြောင့် မဟုတ်ပါဘူး။"

"ခြုံငုံကြည့်လိုက်ရင်တော့ ငါ့ကြောင့်ပါပဲ။"

"ဝတ်ရည်...ဆုံးဖြတ်ချက် မမှားခဲ့ဖူးတဲ့သူဆိုတာမျိုး မရှိပါဘူး။ အားလုံးက သူတော်စင်မှ မဟုတ်တာ။ နာကြည်းချက်ရှိတယ်၊ ဝန်တိုမှုရှိတယ်၊ ဝမ်းနည်းရတဲ့ အခိုက်အတန့်တွေကိုလည်း ကြုံခဲ့ရဖူးမှာပဲ။ ပြီးပြည့်စုံနေတဲ့သူဆိုတာ အခုချိန်ထိ မရှိသေးပါဘူး။ ဒါပေမဲ့ မှားခဲ့တာကို သင်ခန်းစာယူပြီး ပြန်ပြုပြင်တတ်ဖို့တော့ လိုအပ်လိမ့်မယ်။ အဲဒါမှ လူပီသမှာ။"

"ငါ နင်တို့ကို တောင်းပန်ပါတယ်။"

"နင် တောင်းပန်စရာမလိုပါဘူး။ အမှန်က ငါ တောင်းပန်ရမှာပါ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now