အခန်း ၁၆ (Chapter 16)

16.1K 2K 253
                                    

(Unicode Version)


"ဒေါက်...ဒေါက်...ဒေါက်"

တံခါးခေါက်သံတစ်ခုကြောင့် လန့်နိုးလာချိန်မှာ ငသစ်က ကျွန်တော့်ကို ဖက်ထားပြီး အိပ်နေဆဲပင်။ နာရီကို လှမ်းကြည့်မိတော့ ညနေ (၅)နာရီခွဲခန့် ရှိသွားလေပြီ။

"လပြည့်မှူး...လဝန်းသစ်...ရင်ပြင်တော်ပေါ်ကို တက်ရတော့မယ်။ ထွက်လာကြတော့။"

'ဟိန်းဇော်'ရဲ့အသံကြောင့် ကျွန်တော်လည်း ငသစ်ကို နှိုးလိုက်ရတော့သည်။

"ငသစ်...ထတော့လေ။ ဟိန်းဇော် လာခေါ်နေပြီ။ ရင်ပြင်တော်ပေါ် တက်ကြမယ်တဲ့။"

ငသစ်က ဆယ်တန်းနှစ်စ,ကတည်းက အရင်လို အအိပ်,မမက်တော့ဘဲ နှိုးတာနဲ့ ချက်ချင်း ထ,တတ်တဲ့ အကျင့်ကို ရရှိသွားခဲ့လေသည်။  အခုလည်း ကျွန်တော့်အသံကို ကြားသွားပြီး အိပ်နေရာက ချက်ချင်း နိုးလာခဲ့တော့သည်။

"လာခေါ်နေကြပြီလား!?"

"ဟုတ်တယ်...မျက်နှာသွားသစ်လိုက်ဦး။"

ငသစ်က ကျွန်တော် ပြောတဲ့အတိုင်း ရေချိုးခန်းထဲ ဝင်သွားချိန်မှာ အပြင်ဘက်က 'ဟိန်းဇော်'ကို လှမ်းပြောလိုက်ရတော့သည်။

"ဟိန်းဇော်...ငါတို့ မျက်နှာသစ်ပြီး ထွက်လာခဲ့မယ်နော်။"

"အေး...ငါတို့ အပြင်မှာပဲ စောင့်နေမယ်။"

ကျွန်တော်လည်း အိပ်ရာကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြင်ပြီး ရေချိုးခန်းထဲကို ဝင်လာခဲ့ရသည်။

"ပိုက်ဆံကို များများ ထည့်ယူလာခဲ့နော်။"

မျက်နှာသစ်ပြီး ပြန်ထွက်သွားဖို့ ပြင်နေတဲ့ ငသစ်ကို ကျွန်တော် လှမ်းပြောလိုက်မိသည်။

"စိတ်ချပါ...ဒယ်ဒီရဲ့။ ကျွန်တော်ပဲ ယူလာခဲ့လိုက်မယ်။ ဒယ်ဒီ့ပိုက်ဆံကို မထုတ်နဲ့ဦး။"

"ငါလည်း လှူချင်သေးတာပေါ့။ နည်းနည်းပဲဖြစ်ဖြစ် ထည့်ယူလာခဲ့ပါ့မယ်။"

"ဒါမှမဟုတ် ကျွန်တော့်ပိုက်ဆံတွေအားလုံး ဒယ်ဒီ့ကို အပ်ထားမယ်လေ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now