အခန်း ၃၁ (Chapter 31)

14.1K 1.8K 196
                                    

(Unicode Version)


တနင်္ဂနွေနေ့မို့ ပျက်သွားတဲ့ သင်ခန်းစာတွေကို ပြန်လေ့ကျင့်ဖို့ ကျွန်တော် ဆုံးဖြတ်ထားလေသည်။

"ဒီနေ့ ဆရာမရဲ့မွေးနေ့ဆိုတော့ အားလုံးကို မုန့်လိုက်ကျွေးချင်လို့တဲ့။ ဒယ်ဒီ့ကိုပါ ခေါ်ခဲ့ဖို့ မှာထားတယ်။"

ငသစ်ရဲ့စကားကြောင့် စာအုပ်ထုတ်လက်စ လက်ပင် တုံ့ဆိုင်းသွားလေတော့သည်။

"ကျန်တဲ့သူတွေက သင်တန်းသားတွေချည်းပဲလေ။ ငါတစ်ယောက်တည်း အပြင်လူဖြစ်နေရင် ကြောင်တောင်တောင်ကြီး ထိုင်နေရမှာပေါ့။"

"ကျွန်တော်တစ်ယောက်လုံး ရှိနေတာပဲ။ ဘာတွေ တွေးပူနေတာလဲ!? ဆရာမနဲ့လည်း ဒယ်ဒီက သိပြီးသားပဲဟာ။"

"လက်ဆောင်အတွက်ကရော...မဝယ်ရသေးဘူးလေ။"

"ကျွန်တော် မနေ့ကတည်းက ဝင်ဝယ်လာပြီးသားပါ။"

"ငါလည်း ပေးမှဖြစ်မှာပေါ့။ နှစ်ယောက်လုံး သွားစားပြီးတော့ တစ်ယောက်တည်းက ပေးလို့ ဘယ်ကောင်းပါ့မလဲ!?"

"ဘာဖြစ်လဲ!? ကျွန်တော်တို့က နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုတာ သိသွားတာပေါ့။"

ရွှတ်နောက်နောက် လှမ်းပြောနေတဲ့ ငသစ်ကို ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်မိသည်။ မွေးနေ့ပွဲအတွက် လက်ဆောင်ဝယ်ပေးချင်ပေမယ့် ပိုက်ဆံကလည်း များများစားစား ရှိမနေပေ။ သင်တန်းဆရာမဆိုတော့ အမှတ်တရပစ္စည်းမျိုး ပေးရင်လည်း မသင့်တော်သလို ဖြစ်နေပေလိမ့်မည်။ ငသစ်ဆီက ပိုက်ဆံတောင်းဖို့ကလည်း အားနားစရာကောင်းနေပြန်သည်။

"ကျွန်တော် လက်ဆောင်သွားရွေးနေတုန်းက နှစ်ယောက်စာအတွက် တမင်ရွေးလာခဲ့တာ။ စိတ်အေးအေးထားပြီး လူလေးပဲ လိုက်ခဲ့ပေးနော်။"

ငသစ်က ကျွန်တော့်နဖူးကို ခပ်ဖွဖွလေး နမ်းပြီး နှစ်သိမ့်ပေးခဲ့လေသည်။ အချိန်ကလည်း မရတော့တာမို့ သူ ပြောသလိုပဲ လုပ်လိုက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ရတော့သည်။

မွေးနေ့ပွဲတွင်-

ငသစ်ရဲ့သင်တန်းဆရာမက ကျွန်တော်တို့ကို Gangnam Buffetဆိုတဲ့ ဆိုင်လေးမှာ လိုက်ကျွေးခဲ့လေသည်။ စားပွဲပေါ်က စုံလင်နေတဲ့ ဟင်းပွဲတွေကို ကြည့်ပြီး ကျွန်တော် ဘယ်ကနေ စ,စားရမှန်း မသိတော့ပေ။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now