🌹11🌹

16.7K 2.1K 132
                                    

(Unicode Version)

ပထမဆုံးလပတ်စာမေးပွဲက စဖြေရပြီလေ။ ငသစ်ကလည်း ကျွန်တော့်ကျေးဇူးနဲ့ ရှေ့ငါးဘာသာလုံး အခြေအနေကောင်းတယ်တဲ့။

အခု Bioမေးခွန်းကို ဖတ်ကြည့်တော့ သူ ဖြေနိုင်မဲ့အပုဒ်တွေချည်းပါပဲ။ စာမေးပွဲမေးခွန်း မြင်တိုင်း ကိုယ့်ကိုယ်ကိုယ်ထက် သူ့အတွက် အရင်ကြည့်ပေးမိတာက အကျင့်တစ်ခုလိုမျိုး ဖြစ်နေပြီ။

သူ ဖြေနိုင်လောက်တယ်လို့ သိရမှ စိတ်အေးအေးထားပြီး စဖြေနိုင်ခဲ့တာ။ ဒီလိုနဲ့ စာမေးပွဲစဖြေပြီး နာရီဝက်ကျော်လာချိန်မှာ ဘေးခုံကနေ အသံတစ်ခုကို ကျွန်တော် ကြားလိုက်ရတယ်။

"လပြည့်မှူး..."

ကျွန်တော့်ကို လှမ်းခေါ်နေတဲ့သူက အခန်းထဲက ကောင်မလေးတစ်ယောက်ပါ။ နာမည်ကို မမှတ်မိပေမဲ့ မျက်မှန်းတန်းမိတော့ ရှိတယ်။

"ဘာဖြစ်လို့လဲ။"

"နံပါတ်(4)အပုဒ်ကို ခဏလောက်ပြပါလား။ ငါ မေ့သွားလို့ပါ။"

စာခိုးချတာကို ကျွန်တော် သဘောမကျဘူး။ တစ်ခါမှလည်း စာမေးပွဲခန်းမှာ စာပြတာ၊ ခိုးချတာမျိုး မလုပ်ဖူးဘူး။

ဒါပေမဲ့ တစ်ဖက်လူက အားကိုးတကြီးအကူအညီ‌တောင်းနေလို့ လျစ်လျူရှုပြီး ပစ်မထားရက်သလို ဖြစ်နေတာပေါ့။ အခန်းစောင့်ဆရာမကို မသိမသာလှမ်းအကဲခတ်ကြည့်တော့ အပြင်မှာ တစ်ဖက်အခန်းက ဆရာမနဲ့ စကားပြောနေလေရဲ့။

ခိုးချတာကို အားမပေးချင်ပေမဲ့ သနားစိတ်ကြောင့် ကျွန်တော် ကူညီဖို့ ဆုံးဖြတ်လိုက်မိတယ်။

"မြန်မြန်လေးတော့ ကြည့်နော်။"

တစ်ခါမှ ခိုးကြောင်ခိုးဝှက် မလုပ်ဖူးလို့လား မသိ။ စိတ်ထဲမှာ မလုံခြုံသလို ခံစားရတယ်။

ဆရာမတွေများ လှမ်းကြည့်ပြီး မြင်သွားရင်ဆိုတဲ့အတွေးက လူကို ဇောချွေးပြန်လာစေတဲ့အထိပါပဲ။

"ဆရာမရေ... ဒီမှာ စာခိုးချနေတယ်။"

ရုတ်တရက်ထွက်လာတဲ့ အသံက နောက်ခုံမှာ ထိုင်နေတဲ့ ငသစ်ဆီကပါ။

'ဒီအရူးက ဘာထဖြစ်ရပြန်တာလဲ။ စာခိုးချနေတာကို တိုင်လိုက်တော့ ဟိုကောင်မလေးရော၊ ကျွန်တော်ရော ကွိုင်တက်သွားမှာ။'

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now