အခန်း ၂၀ (Chapter 20)

17.1K 1.9K 104
                                    

(Unicode Version)


အေးချမ်းသာယာတဲ့ ရာသီဥတုနဲ့အတူ ကျေးဌက်တွေရဲ့ တေးဆိုသံက အလှဆင်ပေးထားတဲ့ နံနက်ခင်းလေးတစ်ခုမှာ ကျွန်တော် နိုးထလာခဲ့လေသည်။ မြင်တွေ့ရသမျှ အားလုံးက လှပနေပေမယ့် အဆက်မပြတ် ဝင်လာနေတဲ့ အတွေးတစ်ခုကြောင့် မပျော်ရွှင်နိုင် ဖြစ်နေရတော့သည်။

"အဲဒါ မဝတ်နဲ့။ အရောင်တောက်နေသလိုပဲ။ အရောင်မှိုင်းတဲ့ဟာမျိုးကို ရွေးဝတ်။"

ကျွန်တော့်စကားကြောင့် အင်္ကျီရွေးနေတဲ့ ငသစ်ရဲ့လက်တွေ ရပ်တန့်သွားခဲ့လေသည်။

"ဒယ်ဒီပဲ စောစောကပြောတော့ အရောင်မှိန်တာတွေက အဟောင်းကြီးနဲ့ တူတယ်ဆို။"

ကျွန်တော် အဲ့လိုမျိုး ပြောခဲ့တာလည်း အမှန်ပင်။ အမျိုးမျိုး ပြောင်းပြီး ပြောနေရခြင်းရဲ့အဓိကတရားခံက ကျွန်တော့်စိတ်ကြောင့်ဆိုတာကိုလည်း သေချာစွာ သိနေခဲ့လေသည်။ ထိုစိတ်မူမမှန်ခြင်းအတွက် ထွက်ပေါက်တစ်ခုအဖြစ် ငသစ်ကိုသာ ကျွန်တော် ရွေးချယ်ခဲ့မိသည်။

"ငါက ပြောင်းဆို၊ ပြောင်းလိုက်ပေါ့။"

"ဒယ်ဒီ မနက်ကတည်းက တစ်ခုခုကို ဒေါသထွက်နေသလိုပဲ။ ဘာတွေ ဖြစ်နေတာလဲ!?"

"ငါ့ကို ဘာမှလာမမေးနဲ့။"

ကျွန်တော့်ရဲ့ဒေါသသံကြောင့် ငသစ်က ဘာမှ ထပ်မမေးဘဲ ငြိမ်သက်သွားလေသည်။ ဒါကိုလည်း ကျွန်တော့်စိတ်ထဲကနေ အလိုမကျ ဖြစ်မိပြန်သည်။

"ဘာလို့ ငါ့ကို စကားမပြောတာလဲ!?"

ကျွန်တော့်ကို ငသစ်က ပြုံးစိစိနဲ့ လှမ်းကြည့်ပြီး အနားကို ချဉ်းကပ်လာခဲ့တော့သည်။

"ဦးစိတ်တိုလေး...ဘာတွေကိုများ စိတ်အလိုမကျ ဖြစ်နေတာလဲ!?"

ငသစ်က ကျွန်တော့်မျက်နှာချင်းဆိုင်မှာ လာရပ်ပြီး ပခုံးပေါ်ကို လက်တင်ထားရင်းနဲ့ မေးလိုက်လေသည်။

"ငါက ဘာဖြစ်ရမှာလဲ!?"

"အမှန်အတိုင်း မဖြေလို့ကတော့ ဖက်နမ်းပစ်မှာနော်။ ဘာလို့ စိတ်ဆိုးနေတာလဲ!?"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now