အခန်း ၂၂ (Chapter 22)

15K 1.9K 72
                                    

(Unicode Version)


ဒီ(၂)လအတွင်းမှာ ကျွန်တော်နဲ့ 'ပန်းဝတ်ရည်'ရဲ့ဆက်ဆံရေးက ထင်ထားတာထက် ပိုပြီးအဆင်ပြေနေခဲ့လေသည်။ ငသစ် မွှေထားခဲ့တဲ့ ကိစ္စကို သူမကိုယ်တိုင် တတ်နိုင်သလောက် လိုက်ရှင်းပြပေးခဲ့တာမို့ အခန်းထဲက ယောက်ျားလေးအချို့ကလည်း ကျွန်တော့်အပေါ် ပြောဆိုဆက်ဆံမှုရှိလာခဲ့တော့သည်။

"ပန်းဝတ်ရည်က မင်းကို သဘောကျနေသလိုပဲ။"

ကျွန်တော့်ဘေးခုံမှာ ထိုင်နေတဲ့ 'ဝဏ္ဏ'က ထူးဆန်းတဲ့စကားကို ပြောလိုက်လေသည်။

"ဘာဖြစ်လို့လဲ!?"

"အသိသာကြီးပဲလေ။ မင်းအတွက်ဆို သူက အမြဲတမ်း တက်ကြွပြီး ကူညီချင်နေတာ။"

'ဝဏ္ဏ'ရဲ့စကားကြောင့် ကျွန်တော်လည်း သူမရဲ့အပြုအမူတွေကို သေချာစဉ်းစားကြည့်လိုက်မိသည်။ 'ပန်းဝတ်ရည်'က ကျွန်တော့်ကို ကူညီပေးခဲ့သမျှကို မျက်မြင်ကိုယ်တွေ့ သိပေမယ့်လည်း ရိုးရိုးသားသားလို့ပဲ တွေးထားခဲ့လေသည်။ ဒါပေမဲ့ တခြားသူတွေရဲ့မျက်လုံးထဲမှာ ဒီကိစ္စက အမြင်တစ်မျိုး ဖြစ်သွားစေခဲ့ပြီလား!? ကျွန်တော့်အပေါ် အရမ်းကောင်းတဲ့ သူမကို လူတွေက အထင်လွဲသွားတာမျိုးတော့ လုံးဝမဖြစ်စေချင်တာ အမှန်ပင်။

"သူက ငါ့ကို ရိုးရိုးသားသား ခင်လို့ လိုက်ကူညီပေးတာပါ။ တခြားသူတွေကိုလည်း သူ ကူညီပေးတာပဲလေ။"

"တခြားသူတွေကို ကူညီတာ မှန်ပေမယ့် မင်းကို ဆက်ဆံတဲ့ပုံစံနဲ့တော့ လုံးဝမတူဘူးကွ။ အခုဆို အားလုံးက မင်းတို့နှစ်ယောက်ကို Fresher Coupleလို့တောင် ခေါ်နေကြပြီ။"

"ဟာ...ငါတို့က အဲ့လိုမျိုးမှ မဟုတ်တာ။ အဲ့လို လျှောက်ထင်နေရင် သူ့အတွက်လည်း မကောင်းဘူး။ သူ သဘောကျနေတဲ့သူရှိရင် အဲ့လူက အထင်လွဲသွားလိမ့်မယ်။"

"သူ သဘောကျနေတာက မင်းပဲလေ။"

"မဖြစ်နိုင်ပါဘူးကွာ။"

"မယုံမရှိနဲ့...ဟေ့ကောင်။ အဲ့ကိစ္စကို သူ့သူငယ်ချင်းကိုယ်တိုင်က ပြောပြခဲ့တာ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now