အခန်း ၆၈ (Chapter 68)

9.3K 1.2K 286
                                    

(Unicode Version)


ကျွန်တော်တို့ ဟန်ဆောင်လက်ထပ်ရမယ့်နေ့ကို ရောက်ရှိလာခဲ့ပြီး မေမေ့ဆန္ဒအတိုင်း မမတို့က လိုက်ပြင်ဆင်ပေးခဲ့လေသည်။ အိမ်ထဲမှာ ကန်တော့ပွဲပေးသလိုမျိုး ပြုလုပ်ထားပြီး ဆရာကြီးကိုစောင့်နေရင်းက အပေါ့သွားချင်လာတာမို့ ကျွန်တော် သန့်စင်ခန်းထဲဝင်လာခဲ့မိ‌သည်။ ကိစ္စပြီးလို့ ပြန်ထွက်ခါနီးမှာ အခန်းအပြင်က ကိုဦးရဲ့အသံကို ကြားလိုက်ရလေသည်။

"ကိုယ်ကတော့ ဒီလိုအယူသီးတာကို သဘောမကျဘူး။"

"မေမေက မောင်လေးအတွက် အရမ်းစိတ်ပူနေတာလေ။"

"ဒါပေမဲ့ သူ ဟောတဲ့အတိုင်း ဖြစ်လာမယ်လို့ ဘယ်သူက အာမခံပေးမှာလဲ!?"

"လိုလိုမယ်မယ် ယတြာချေပေးထားရုံပါ..ကိုဦးရယ်။"

"ယောက်ျားလေးချင်း အခုလိုမင်္ဂလာဆောင်ပေးတာကို‌တော့ ကိုယ် လက်မခံနိုင်ဘူး။"

"ဒါက ဟန်ဆောင်ရုံပါ။ မေမေ့စိတ်အေးချမ်းသွားအောင် လုပ်ပေးလိုက်တာက အကောင်းဆုံးပါပဲ။"

မမတို့ အခန်းရှေ့က ပြန်ထွက်ခွာသွားချိန်မှာ ကျွန်တော်လည်း သက်ပြင်းချရင်း ကျန်နေခဲ့ရလေသည်။ ယောက်ျားလေးချင်း ချစ်တာနဲ့ လက်ထပ်တာကို မိဘတွေက လက်ခံပေးနိုင်ဖို့ခဲယဉ်းမှန်း ကျွန်တော် သိထားပြီးသားပင်။ ဒါပေမဲ့ ကိုဦးရဲ့နှုတ်က ဒီစကားထွက်ကျလာချိန်မှာ အားတင်းထားရင်းက မျက်ရည်ကျခဲ့မိပြန်သည်။ ဟန်ဆောင်တာကို လက်ခံမပေးနိုင်ရင် တကယ့်အစစ်ဆိုရင်ရော...ဒီမင်္ဂလာပွဲက ကျွန်တော်တို့အတွက် အစစ်ဆိုတာကို သိသွားရင် ဘာတွေဆက်ဖြစ်လာမှာလဲ!?

"ဒယ်ဒီ..."

ငသစ်ရဲ့အသံကိုကြားလိုက်တာမို့ ကျွန်တော် မျက်ရည်တွေကို အမြန်သုတ်လိုက်ပြီး ထွက်လာခဲ့မိသည်။

"ဪ...အထဲကို ရောက်နေတာလား!?"

"အင်း...ဘာဖြစ်လို့လဲ!?"

"ဘာမှမဖြစ်ပါဘူး။ မတွေ့လို့ လိုက်ရှာကြည့်နေတာ။"

"အိမ်ရှေ့ကို ပြန်ထွက်ရအောင်။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now