အခန်း ၇၄ (Chapter 74)

11.1K 1.3K 315
                                    

(Unicode Version)


အကယ်ဒမီပေးပွဲ ကျင်းပမည့်နေ့-

'မဒေလီယာ'ရဲ့စီမံမှုအတိုင်း ကျွန်တော်တို့ကို ပွဲတက်ဖို့အတွက် ပြင်ဆင်ပေးနိုင်အောင် နေ့လည်(၁၂)နာရီမှာ ကားနဲ့ လာကြိုပေးခဲ့လေသည်။

"ကလေးနှစ်ယောက်လုံးကို ကြည့်အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးလိုက်နော်။ သူတို့ကို လူတိုင်းက ငေးကြည့်ပြီးအားကျသွားစေရမယ်။"

'မဒေလီယာ'က မိတ်ကပ်ပြင်ဆရာနဲ့ ဒီဇိုင်နာကို အထပ်ထပ် မှာကြားရင်းနဲ့ အလုပ်များနေခဲ့ပြီး ခဏအကြာမှာ ကျွန်တော်တို့နှစ်ဦးရှိရာဆီ လှည့်လာ‌တော့သည်။

"ဘာမှမကြောက်ကြနဲ့နော်။ သတင်းထောက်တွေက မေးရင် ရဲရဲဝံ့ဝံ့သာဖြေလိုက်။"

ကာယကံရှင်နှစ်ဦးဖြစ်တဲ့ ကျွန်တော်တို့ထက် 'မဒေလီယာ'က ပိုပြီးစိတ်ပူနေသလိုပင်။

"မိတ်ကပ်ပြင်ပြီးသွားလို့ရှိရင် အစ်မဆီ ခဏလာခဲ့ကြဦးနော်။"

ပြောပြီးပြီးချင်းထွက်သွားဖို့ ခြေလှမ်းပြင်နေတဲ့ သူမကို ကျွန်တော် ခေါ်လိုက်မိသည်။

"အစ်မ..."

"ဘာလိုလို့လဲ!? အစ်မကို ပြောလေ။"

"အစ်မကို ကန်တော့ချင်လို့ပါ။"

"မဟုတ်တာပဲကွယ်။"

ထိုအချိန်မှာ ငသစ်ကလည်း ကျွန်တော့်ဘက်ကနေပြီး ဝင်ထောက်ခံပေးခဲ့လေသည်။

"ကျွန်တော့်ကို ဒီနေရာအထိရောက်အောင် ပို့ပေးခဲ့တာက ဆရာမပါ။ ပြီးတော့ ကျွန်တော်တို့အခက်အခဲကို မညည်းမညူလိုက်ဖြေရှင်းပေးခဲ့တာလည်း ဆရာမပါပဲ။ ကျေးဇူးတင်ဖို့ ထိုက်တန်တဲ့သူမို့လို့ ကျွန်တော်တို့ ကန်တော့ချင်တာကို လက်ခံပေးပါ။"

'မဒေလီယာ'ရဲ့နှုတ်ခမ်းတွေက ပြုံးရွှင်နေပေမယ့် မျက်ဝန်းအိမ်ထဲမှာတော့ ပီတိမျက်ရည်တွေ ဝေ့ဝဲလာခဲ့သည်။

"ကောင်းပါပြီကွယ်။"

ခွင့်ပြုချက်လည်းရရှိပြီမို့ ‌'မဒေလီယာ'ရဲ့ရှေ့မှာ ကျွန်တော်တို့နှစ်ဦးစလုံး ထိုင်ချလိုက်ပြီး ကန်တော့ဖြစ်ခဲ့ကြသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now