🌹6🌹

17.5K 2.1K 182
                                    

(Unicode Version)

ဖူးငုံ နဲ့ စနိုးကို ကြောက်လို့ ကျွန်တော် တစ်ပတ်လုံးလုံး စာသင်ခန်းထဲကနေ အခန်းပြင်ကို မထွက်ဘဲ ငြိမ်နေခဲ့မိတယ်။ ကျွန်တော့်ကို စောင့်ရှောက်ပေးနေတဲ့ ငသစ်ကလည်း နွယ်နဲ့ သွားမတွေ့ဖြစ်ခဲ့ပါဘူး။

နောက်ဆုံးတော့ ကျွန်တော် မျှော်လင့်နေတဲ့ ကျောင်းပိတ်ရက်ကို ရောက်လာလေရဲ့။

"‌ကျက်‌သရေရှိတဲ့‌ နေ့ရက်လေးပါလား။"

တစ်ပတ်လုံးလုံး စိတ်မကြည်မလင်နဲ့ နိုးထခဲ့ရတော့ အခုအချိန်လေးက တကယ့်နိဗ္ဗာန်ဘုံပါပဲ။

"သားရေ... နိုးနေပြီလား။"

တံခါးအပြင်ဘက်ကနေ ကြားလိုက်ရတဲ့ မေမေ့အသံကြောင့် ကျွန်တော် လှမ်းဖြေလိုက်ရတာပေါ့။

"ဟုတ်ကဲ့... မေမေ။"

"သစ်သစ်ကို နှိုးပြီး ဆင်းလာခဲ့နော်။ မေမေ သားတို့အတွက် မနက်စာပြင်ထားတယ်။"

"ဟုတ်ကဲ့။"

မေမေ အောက်ထပ်ကို ပြန်ဆင်းသွား‌တော့မှ ငသစ်ကို နှိုးဖို့ ကျွန်တော် ကြိုးစားခဲ့ရတာ။

"ငသစ်... ဟေ့ကောင်... ထတော့။"

ပါးစပ်က နှိုးရုံနဲ့ အေးအေးဆေးဆေးနိုးလာမဲ့သူမျိုး မဟုတ်လို့ သူ့လက်မောင်းကို ဖြန်းခနဲရိုက်ပြီး နှိုးခဲ့ရ‌တယ်။ အဲဒီတောင် သူက မထပါဘူး။

နာလို့ အင်းအဲနဲ့ ညည်းပြီး ပြန်အိပ်နေသေး။ ဒီတော့ သုံးနေကျနည်းလမ်းကိုပဲ ကျွန်တော် ထုတ်သုံးခဲ့မိတယ်။

သူ့ချိုင်းကြားကို ကျွန်တော့်လက်နဲ့ ကလိထိုးလိုက်တော့ သူက ယားသွားပြီး ခန္ဓာကိုယ်ကို အားနဲ့ လှည့်ချလိုက်‌တယ်။ သူ့ချိုင်းကြားမှာ လက်က ညပ်နေတော့ နောက်ဆုံး ကျွန်တော်ပါ အရှိန်လွန်ပြီး လဲကျသွားပါလေရော။

ဖြစ်ပျက်ပုံက ကိုရီးယားဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းနဲ့ တူလောက်တယ်။ မင်းသားနဲ့ မင်းသမီးက မ‌တော်တဆနှုတ်ခမ်းချင်းထိမိသွားတာမျိုးလေ။

ကဗျာဆန်ဆန် လှလှပပလေးပေါ့။ ဒါပေမဲ့ အဲဒါက ဇာတ်လမ်းတွဲတွေထဲမှာပဲ လှတာ။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now