အခန်း ၅၃ (Chapter 53)

10.2K 1.3K 199
                                    

(Unicode Version)


ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ ကြိုးစားရင်းနဲ့ အချိန်ကာလတွေ တဖြည်းဖြည်း ကုန်ဆုံးလာချိန်မှာ ကျွန်တော်က နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက် ဖြစ်လာပြီး ငသစ်က မင်းသားသစ်တစ်လက်အဖြစ် လူသိများလာခဲ့လေသည်။

"သင်္ကြန်ပြီးသွားရင် ငပလီကို ခရီးမထွက်ချင်ဘူးလား!?"

ပန်းပင်တွေကို ရေလောင်းနေရင်းက ငသစ်ရဲ့စကားကြောင့် ကျွန်တော် လှည့်ကြည့်လိုက်မိသည်။ ဒန်းပေါ်မှာ ထိုင်နေတဲ့ ငသစ်က ကျွန်တော့်အဖြေကို မျှော်လင့်‌ဟန်ဖြင့် ငေးကြည့်နေခဲ့လေသည်။

"အဲ့အချိန်ဆိုရင် မင်းက အလုပ်တွေ ပြန်စတော့မှာ မဟုတ်ဘူးလား!?"

"ကျွန်တော်သာ သွားချင်တယ်ဆိုရင် ဆရာမက ခွင့်တောင်းပေးလို့ ရတယ်တဲ့။"

"မမတို့ကလည်း နှစ်သစ်ကူးရုံးပိတ်ရက်ရှိနေတော့ သွားလို့ရပါတယ်။ ဒါပေမဲ့ ပိုက်ဆံက တော်တော်ကုန်မှာ။"

"ဆရာမတို့မိသားစုကလည်း အဲ့ကို သွားကြမှာလေ။ သူ့အဖေက ငပလီမှာ အပန်းဖြေစခန်းဖွင့်ထားတော့ စရိတ်ငြိမ်းခေါ်သွားပေးလို့ ရတယ်တဲ့။"

'မဒေလီယာ'ဆီက အကူအညီကို ထပ်မယူချင်ပေမယ့် ငသစ်ရဲ့စိတ်အားထက်သန်နေမှုက အတိုင်းသားမြင်နေရတာမို့ ကျွန်တော် လက်ခံပေးဖို့ ဆုံးဖြတ်လိုက်မိသည်။

"မင်း သွားချင်ရင်တော့ လက်ခံလိုက်ပေါ့။"

"ဒယ်ဒီကရော မသွားချင်ဘူးလား!?"

"သွားချင်ပါတယ်။"

"ဒါပေမဲ့ ဒယ်ဒီ့ပုံစံကို ကြည့်ရတာ သိပ်စိတ်မပါသလိုပဲ။"

"ငါက အရင်ကတည်းက ရေလမ်းခရီးဆို မကြိုက်တတ်တာ မင်းလည်း သိရဲ့သားနဲ့။"

"ဒယ်ဒီ အဆင်မပြေရင် ကျွန်တော်လည်း မသွားတော့ဘူးလေ။"

"ငါလည်း သွားချင်ပါတယ်။ စရိတ်ငြိမ်းခေါ်မယ့်သူရှိနေတာကို မလိုက်ရင် ငါ့လောက် မိုက်တဲ့သူ ရှိပါဦးမလား!?"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now