အခန်း ၄၂ (Chapter 42)

12.1K 1.5K 185
                                    

(Unicode Version)


'ဝသန်'က စာမေးပွဲကို အောင်အောင်မြင်မြင်နဲ့ ဖြေဆိုပြီးသွားချိန်မှာ Covid_19 ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်တို့ တက္ကသိုလ်စာမေးပွဲတွေကို ရပ်နားထားခဲ့ရလေသည်။ ဒါပေမဲ့ ငသစ်ကတော့ ရိုက်ကူးရေးရှိနေဆဲမို့ သူ့ကျန်းမာရေးအတွက် စိတ်ပူနေမိတော့သည်။

"အဲ့ပိုးက ပျံ့လွယ်တာကို သူတို့က နားလည်ပေးရမှာပေါ့။ ဒီအချိန်မှာ လူစုလူဝေးမလုပ်တာ အကောင်းဆုံးပဲ။"

ရိုက်ကွင်းသွားဖို့အတွက် ပြင်ဆင်နေရင်းနဲ့ ငသစ်က ကျွန်တော့်ကို လှည့်ကြည့်လိုက်လေသည်။

"သူတို့ကလည်း အဖျားမရှိမှ ပေးဝင်တာပါ။ သေချာစစ်ပါတယ်...ဒယ်ဒီရဲ့။"

"ဒါပေမဲ့ သရုပ်ဆောင်နေရင် Maskကို ချွတ်ထားရတယ်မလား!?"

"ကျွန်တော် သတိထားပြီး နေပါ့မယ်။ စိတ်မပူနဲ့နော်။"

"အမှန်ဆို ရိုက်ကူးရေးကို ခဏပိတ်ပေးထားရမှာလေ။"

"သူတို့လည်း အချိန်ပေးပြီး ကြိုးစားခဲ့ရတာဆိုတော့ လွယ်လွယ်နဲ့ ဘယ်လက်လွှတ်နိုင်ပါ့မလဲ!?"

အရင်ကဆို ငသစ်က စိတ်ဆတ်ပြီး ပြဿနာရှာတိုင်း ကျွန်တော်က ‌ဖျောင်းဖျပေးခဲ့ရလေသည်။ အခုတော့ ဖျောင်းဖျခြင်းခံနေရသူက ကျွန်တော် ဖြစ်နေပါလား!? ဒီအလုပ်‌ပေါ်မှာ သူ့ရဲ့စိတ်အာရုံဝင်စားမှုက မနည်းလှတာကို သိလိုက်ရတာမို့ ထပ်မံကန့်ကွက်ခြင်းမပြုဘဲ သတိထားဖို့သာ မှာလိုက်ရလေသည်။

"လူများတဲ့နေရာမျိုးမှာ မနေမိစေနဲ့။ ခပ်ဝေးဝေးမှာ သွားနေ။ Hand Gelပါတယ်မလား!? ဘယ်ပစ္စည်းနဲ့မဆို ထိပြီးတာနဲ့ အဲဒါကိုသုံးရမယ်။ Maskကို တစ်ခါချွတ်ပြီးသွားရင် ပြန်မသုံးဘဲ သေချာလွှတ်ပစ်လိုက်။ ထမင်းစားခါနီးကျရင်လည်း လက်ကို သေချာဆေးပြီးမှ စား။ ချွေးထွက်ရင်လည်း တစ်ရှူးကိုင်ပြီး သေချာသုတ်။ မျက်လုံးယားရင်လည်း လက်နဲ့ လျှောက်မပွတ်နဲ့။ နှာချေ၊ ချောင်းဆိုးဖြစ်နေတဲ့သူတွေကို ဝေးဝေးရှောင်။ ပြီးတော့..."

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now