အခန်း ၅၅ (Chapter 55)

10.3K 1.3K 248
                                    

(Unicode Version)


သင်္ကြန်အကျနေ့က ဖြစ်ခဲ့တဲ့ကိစ္စကြောင့် ငသစ်ကို ကျွန်တော် စကားမပြောခဲ့သလို သူကလည်း သူ့အမှားအတွက် စကားစ,မပြောရဲခဲ့ပေ။

"မင်းတို့နှစ်ယောက် ရန်ဖြစ်ထားတာလား!?"

ခရီးထွက်ဖို့အတွက် အထုပ်တွေကို ကားပေါ်တင်နေချိန်မှာ 'ဝသန်'က အနားကပ်ပြီး မေးခဲ့တာမို့ ကျွန်တော် စိတ်မပါစွာနဲ့ ပြန်ဖြေပေးခဲ့ရလေသည်။

"ရန်ဖြစ်ထားတာတော့ မဟုတ်ပါဘူး။ ဒီလိုပဲ ပြဿနာတစ်ခုရှိလို့ သူ့အမှားသူ ပြန်မြင်လာအောင် စဉ်းစားချိန်ပေးထားတာ။"

"ခရီးထွက်ခါနီး ပျော်ပျော်ပါးပါးဖြစ်အောင် ပြန်စကားပြောပေးလိုက်ပါကွာ။"

ရွှေပြည်အေးတရားဟောပြနေတဲ့ 'ဝသန်'ကို ကျွန်တော် အံ့ဩပြီး ကြည့်လိုက်မိသည်။

"မင်းက ငါ သိထားတဲ့ ဝသန်ရော ဟုတ်သေးရဲ့လား!?"

"ဘာဖြစ်လို့လဲ!?"

"ငါနဲ့ ငသစ်ကို အဆင်ပြေအောင် တရားလာပြနေတာလေ။"

"ဘာရယ်တော့ မဟုတ်ဘူး။ ကိုယ်ချင်းစာတဲ့စိတ်လေး ဝင်လာလို့ပါ။"

"အေးချမ်းနဲ့ အဆင်မပြေလို့လား!?"

"ပြီးခဲ့တဲ့အပတ်က ငါတို့ချိန်းတွေ့တော့ သူ့ပါးကို နမ်းလိုက်မိတယ်။ အဲဒါကို သူက စိတ်ဆိုးပြီး စကားမပြောတာ ဒီနေ့အထိပဲ။"

"သူက အရှက်အကြောက်ကြီးတာကို သိသိကြီးနဲ့ မင်းက ထိန်းထိန်းသိမ်းသိမ်း နေပေးမှပေါ့။"

"ငါလည်း သူ့ပါးလေးလောက်တော့ နမ်းချင်သေးတာပေါ့။ လူကြားထဲမှာ နမ်းတာလည်း မဟုတ်ဘဲနဲ့။"

"သူ လက်မခံရင် ဘာမှသွားမလုပ်နဲ့။ အချိန်ယူပြီး အခွင့်အရေးရမှ ကြိုးစားကြည့်ပေါ့။"

"ဒါဆိုရင်တော့ ဘိုးဘွားရိပ်သာရောက်မှ သူနဲ့ လက်ထပ်ခွင့်ရမယ်ထင်တယ်။"

'ဝသန်'ရဲ့စကားကို ကျွန်တော် ပြုံးပြီး တုံ့ပြန်လိုက်လေသည်။

"မဆိုးပါဘူး... မသေခင် ယူဖြစ်သွားတာကို ကျေးဇူးတင်သင့်တယ်။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now