အခန်း ၆၇ (Chapter 67)

9.2K 1.2K 354
                                    

(Unicode Version)


(၁)လခန့်ကြာသော်-

မေမေက ဗေဒင်ဆရာဆီကို သုံးလတစ်ကြိမ်သွားတတ်တာမို့ ကျွန်တော် မသိမသာ စောင့်နေရင်းနဲ့ ထိုနေ့ကို ရောက်ရှိလာခဲ့လေသည်။

"မေမေ ဒီနေ့ညနေ ဗေဒင်ဆရာဆီကို သွားရမှာလား!?"

"ဟုတ်တယ်...မသွားဖြစ်တာ ကြာနေပြီလေ။ ဘာဖြစ်လို့လဲ...သား!?"

"သားလည်း ညနေပိုင်းအားနေတော့ လိုက်ခဲ့ရင် ကောင်းမလားလို့။"

"သား လိုက်ခဲ့ရင်တော့ ပိုကောင်းတာပေါ့။"

မေမေ့ဆီက ခွင့်ပြုချက်ကို မလိမ့်တပတ်နဲ့ ရပြီးသွားချိန်မှာ ဧည့်လမ်းညွှန် သင်တန်းဆီသို့ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကျွန်တော် ထွက်လာခဲ့မိတော့သည်။

"လပြည့်မှူး!!!"

ခေါ်သံကြောင့် အနောက်ဘက်ကို ကျွန်တော် ပြန်လှည့်ကြည့်လိုက်မိသည်။

"ဝဏ္ဏ...မင်းက..."

စကားမဆုံးသေးခင်မှာ 'ဝဏ္ဏ'နဲ့အတူလိုက်ပါလာသူကို ကျွန်တော် မြင်တွေ့လိုက်ရပြီး ငြိမ်သက်သွားရတော့သည်။ ထိုလူက ကျွန်တော့်ကို အမုန်းကြီး မုန်းနေတဲ့ 'နွယ်'ပင်။

"ဟေ့ကောင်...မင်းနဲ့ ဘွဲ့ယူပြီးကတည်းက ငါ မတွေ့ဖြစ်ကြတာ ကြာပြီနော်။ မင်း ဘာတွေလုပ်နေတာလဲ!?"

"ငါက အခု ဧည့်လမ်းညွှန်သင်တန်း တက်နေတာ...မင်းရော!?"

"ငါက တီဗီအစီအစဉ်ရဲ့Englishကဏ္ဍတစ်ခုမှာ ဝင်လျှောက်ထားတယ်။ အဲဒီက ရလဒ်ကို စောင့်နေတယ်ဆိုပါတော့။"

"ဪ... ကောင်းတာပေါ့။ ရလဒ်ကောင်းမှာ သေချာပါတယ်။"

စကားပြောနေရင်းက 'နွယ်'ဆီသို့ ကျွန်တော် လှမ်းကြည့်လိုက်မိသည်။

"ငါ မင်းကို မိတ်ဆက်ပေးဖို့ မေ့နေတာ။"

'ဝဏ္ဏ'က ကျွန်တော့်အကြည့်ကို သတိထားမိသွားပြီး 'နွယ်'နဲ့မိတ်ဆက်ပေးဖို့ စကားစလာခဲ့လေသည်။

"နွယ်နဲ့ ငါက အထက်တန်းကျောင်းမှာ တက်ကတည်းက သိပါတယ်။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now