အခန်း ၇၂ (Chapter 72)

10.2K 1.2K 237
                                    

(Unicode Version)


ညနေ(၅)နာရီခန့်တွင်-

တရားခံကို သိလိုစိတ်နဲ့ ချိန်းဆိုထားတဲ့နေရာသို့ ကျွန်တော်တို့နှစ်ဦး ခပ်စောစောပင် ထွက်လာခဲ့လေသည်။ စောင့်နေရင်းနဲ့ ခဏအကြာမှာ 'ပန်းဝတ်ရည်'က ရောက်ရှိလာခဲ့သည်။

"စောင့်နေရတာ ကြာသွားပြီလား!?"

သူမရဲ့ပုံစံက ဖြူဖပ်ဖြူရော်နဲ့ အားတင်းရင်း စကားပြောနေရသလိုပင်။ အရင်လိုစိတ်နဲ့ဆို သူမရဲ့အခြေအနေကိုမေးကြည့်မိမှာ သေချာပေမယ့် အခုတော့ စာနာသနားမှုကို ခဏတာ ဘေးချိတ်ထားဖို့ လိုအပ်နေတော့သည်။

"မကြာသေးပါဘူး။"

"ငါတို့ချင်းပဲ စကားပြောလို့ရနိုင်မလား!?"

'ဝသန်'ကို ရှောင်ထွက်သွားဖို့ သွယ်ဝိုက်ပြောလိုက်တာမို့ ကျွန်တော်လည်း အရိပ်အကဲဖြင့် ထွက်သွားခိုင်းလိုက်ရလေသည်။

"ငါ့ကို မေးစရာအများကြီးရှိတယ်မလား!?"

"နင် ဘာတွေလျှောက်လုပ်ခဲ့တာလဲ!?"

"ငါက ဘာတွေလုပ်ခဲ့လို့လဲ!?"

"စစ်မင်းကို တမင်ခိုင်းခဲ့တာက ဘာလို့လဲ!?"

"နင့်ကို သဘောကျလို့။"

ထိုစကားကို မျက်တောင်မခတ်တမ်းပြောနိုင်တဲ့ သူမကို ကျွန်တော် အံ့အားသင့်ပြီး ကြည့်နေမိသည်။

"ဆက်မေးလေ..."

"ငသစ် သောက်မယ့်ဘီယာဘူးကို ဆေးခတ်ခိုင်းခဲ့တာကရော!?"

"ငါပဲလေ!?"

"ဘာလို့လဲ!? ဘာလို့ လုပ်ခိုင်းခဲ့တာလဲ!?"

"သူ့ကို နာမည်ဖျက်ချင်လို့။ ပြီးတော့ နင်နဲ့သူရဲ့ဆက်ဆံရေးကို ပြိုကွဲအောင်လုပ်ချင်လို့။"

"ဒါဆို ဘာလို့ ငါတို့နှစ်ယောက်ရဲ့အကြောင်းကို လိုင်းပေါ်တင်ပြီး ဖြန့်ခဲ့တာလဲ!?"

"နင် ဘာတွေလာပြောနေတာလဲ!?"

သူမရဲ့ပုံစံက ကျွန်တော့်စကားကို လုံးဝနားမလည်သလိုပင်။ ဒါတွေကို သူမက လုပ်ခိုင်းခဲ့တာဆိုရင် အရင်မေးခွန်းတွေကို အဖြေပေးခဲ့သလို ချက်ချင်း ပြန်ဖြေနိုင်ရမှာပေါ့။ ဘာလို့လဲ...ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုကို မသင်္ကာဖြစ်နေမိသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now