အခန်း ၅၇ (Chapter 57)

10.1K 1.2K 237
                                    

(Unicode Version)


ငပလီခရီးစဥ်ကနေ ပြန်လာပြီးနောက်ပိုင်းမှာ ငသစ်က ရုပ်ရှင်ရိုက်ကူးရေးအတွက် စိတ်ကို နှစ်ထားခဲ့ပြီး ကျွန်တော်ကလည်း နောက်ဆုံးနှစ်အတွက် ပညာရေးဘက်ကို အာရုံစိုက်ပြီး ကြိုးစားခဲ့မိသည်။

"စာမေးပွဲက ဖြေရခါနီးနေပြီနော်။ စာတွေကို သေချာရရဲ့လား...သား!?"

ဘုရားပန်းအိုးတွေကို ရေလဲပေးပြီး မေမေ့ဆီ ပြန်သယ်လာချိန်မှာ ကြားလိုက်ရတဲ့ မေးခွန်းကြောင့် ကျွန်တော် ပြုံးပြရင်းနဲ့ အဖြေပေးခဲ့ရလေသည်။

"သားက စာနဲ့ပတ်သက်လာရင် အထိအခိုက်ခံမယ့်သူမှ မဟုတ်တာ။ စိတ်အေးအေးထားပါ...မေမေရဲ့။"

"သား ကြိုးစားမှန်း မေမေ သိတာပေါ့ကွယ်။ ဒါပေမဲ့ စိတ်ကတော့ ပူရတာပဲ။"

"အခုကတော့ စာမေးပွဲအတွက်ပဲ စိတ်နှစ်ပြီး ကြိုးစားနေရသေးတာ။ စာမေးပွဲပြီးသွားရင်တော့ အထွေထွေဗဟုသုတအတွက် လေ့လာရဦးမယ်...မေမေ။ ဧည့်လမ်းညွှန်ဝင်ခွင့် ဖြေဖို့ အဲဒါတွေကို သိထားရမယ်လေ။"

"ဒါပေါ့ကွယ်။ သေချာကြိုးစားရမှာပေါ့။"

"ဧည့်လမ်းညွှန်သင်တန်းတက်ပြီး အလုပ်မြန်မြန်ရချင်နေပြီ။ မေမေ့ကို သားရဲ့လစာလေးနဲ့ ကန်တော့ချင်တယ်။"

"မေမေ့တပည့်တွေထဲက ဒီအလုပ်လုပ်နေတဲ့ ကလေးတွေ ရှိတယ်။ သူတို့ကို သားအတွက် အကူအညီတောင်းပေးလို့ ရတာပေါ့။"

"သား လိုအပ်မှပဲ အကူအညီတောင်းပါ့မယ်။ ကိုယ့်အားကိုယ်ကိုးပြီး အရင်ကြိုးစားကြည့်ချင်လို့ပါ။"

"ဟုတ်ပါပြီရှင့်...သား သဘောအတိုင်းပါပဲ။"

မေမေနဲ့ စကားပြောပြီးချိန်မှာ အန်တီ'မေရီ' က ကျွန်တော်တို့အိမ်ကို ရောက်ရှိလာခဲ့လေသည်။

"ဟယ်...မေရီ!!! ဘာစိတ်ကူးပေါက်ပြီး ဒီကို ရောက်ချလာတာလဲ!? တစ်ယောက်တည်းပဲလား!?"

"ဟုတ်တယ်... မစိမ့်ရေ။ တစ်ယောက်တည်းပါပဲ။ စိတ်ထဲမှာ မွန်းကြပ်နေတာကို ရင်ဖွင့်ဖို့ လူကလည်း မရှိဘူးလေ။ အဲဒါနဲ့ မစိမ့်ဆီကို ရောက်လာရတာ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now