အခန်း ၂၅ (Chapter 25)

15.4K 1.8K 246
                                    

(Unicode Version)

"ဒီနေ့ ကျောင်းသွားလို့ ဖြစ်ပါ့မလား!? တစ်ရက်လောက် နားရင် နားလိုက်ပေါ့။"

ကျောင်းသွားဖို့ အိပ်ရာက ထ,လိုက်တဲ့ ကျွန်တော့်ကို ငသစ်က လှမ်းတားလိုက်လေသည်။

"စာတွေ နောက်ကျကုန်လိမ့်မယ်။ ပြီးတော့ ငါလည်း နေလို့ကောင်းနေပါပြီ။"

"ဒါပေမဲ့..."

ထပ်တားဖို့ ပြင်နေတဲ့ ငသစ်ကို 'ရန်နောင်'က အမြင်ကတ်ပြီး ဝင်ပြောလိုက်တော့သည်။

"သူက ယောက်ျားလေးပဲ။ ကြမ်းကြမ်းတမ်းတမ်း လွှတ်ပေးထားမှ ပိုပြီးကျန်းမာမှာ။ လိုက်တားမနေနဲ့။"

"မင်းနဲ့ မဆိုင်ရင် ဝင်မပါနဲ့။ သူ နေမကောင်းဖြစ်ရင် စိတ်ပူရတာက ငါကွ။ မင်း မဟုတ်ဘူး။"

"ဒီလောက်ဖြစ်ပျက်နေတာ လပြည့်မှူးနဲ့ မင်းက လင်မယားတွေမို့လို့လား!?"

"မင်း တစ်သက်လုံး ပြောလာသမျှ စကားတွေထဲမှာ ဒီတစ်ခွန်းက အမှန်ဆုံးပဲ။"

စပ်ဖြီးဖြီးနဲ့ ပြောနေတဲ့ ငသစ်ကို ကျွန်တော် ‌ခေါင်းအုံးနဲ့ ထုရိုက်လိုက်မိသည်။

"မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ သင်တန်းသွားဖို့ ပြင်တော့။"

"ရေချိုးမလို့လား!? ပြန်ဖျားနေဦးမယ်။"

"ကျောင်းကို ငါက ရေမချိုးဘဲ သွားရမှာလား!?"

"ဘယ်သူက လိုက်နမ်းနေမှာမို့လို့လဲ!? မချိုးလည်း မွှေးနေတာပဲဟာ။"

ကျွန်တော့်အနား တိုးကပ်လာတဲ့ ငသစ်ကို ဆောင့်ကန်လိုက်ရသည်။

"အဲ့ကောင်ကို အားပြင်းပြင်းနဲ့ ကန်ရမှာ။"

"ငါ့ဒယ်ဒီက ငါ့ကို ချစ်လို့ ဖွဖွလေးကန်တာ။ မနာလို ဖြစ်မနေနဲ့။"

ဒီနှစ်‌ယောက်ရဲ့ကြားမှာ ကြာကြာနေရရင် ကျွန်တော် ရူးသွားနိုင်ပေသည်။ ထိုကြောင့် ပြောနေသမျှကို မကြားချင်ယောင်ဆောင်ပြီး ရေချိုးခန်းထဲကို ဝင်ခဲ့ရတော့သည်။ ခဏအကြာ ရေချိုးပြီးလို့ ကျွန်တော် အပြင်ကို ပြန်ထွက်ခါနီးမှာ ငသစ်က တဘက်တစ်ထည်ကိုင်ပြီး ဝင်လာခဲ့လေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now